Indeed – Glassdoor ပူးပေါင်းလိုက်တဲ့အတွက် ဘာတွေ ဖြစ်လာနိုင်မလဲ

အာရှတိုက်က အိန္ဒိယ၊ စက်ာပူ၊ ဂျပန် နဲ့ သြစတေလျ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၆၀ ကျော်လောက်မှာ အလုပ်ရှာနေသူဆိုရင် Indeed ကို မသိတဲ့သူရှားပါတယ်။
Company Review ကြည့်ဖို့၊ Salary ဘယ်လောက်ရလဲ သိဖို့၊ Interview မှာ ဘာမေးတတ်လဲ လေ့လာဖို့ဆိုရင်တော့ Glassdoor ကို အသုံးပြုကြတာ ပိုများပါတယ်။

အခုတော့ Glassdoor က “ Better Together – Glassdoor is part of Indeed now.” လို့ ကြေညာလိုက်ပါတယ်။
တကယ်တော့ ၂၀၁၈ ခုနှစ်ကတည်းက ဂျပန်နိုင်ငံရဲ့ Recruit Holdings ကနေ Indeed နဲ့ Glassdoor နှစ်ခုလုံးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ အခု ပြောင်းလဲလိုက်တာကတော့ အသုံးပြုသူတွေအတွက် Platform နှစ်ခုကို ပေါင်းစည်းလိုက်တာ ဖြစ်ပါတယ်။

ဒီတော့ အလုပ်ရှာသူတွေအတွက် ဘာတွေ ပြောင်းလဲလာမလဲ၊ ကျွမ်းကျင်သူတွေအဆိုအရ အကျိုးကျေးဇူးတွေ အနည်းဆုံး ၇ ချက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

၁။ Account တစ်ခုတည်းနဲ့ အသုံးပြုနိုင်လာတယ်

Indeed အကောင့်တစ်ခု၊ Glassdoor အကောင့်တစ်ခု သီးသန့် Login ဝင်စရာ မလိုတော့ပါဘူး။ Resume၊ Profile၊ Job Preferences တွေကို တစ်နေရာတည်းက စီမံနိုင်ပါတယ်။

၂။ Company အကြောင်းသိပြီးတာနဲ့ Apply လုပ်လို့ရတယ်။

အရင်ကဆို Glassdoor မှာ Review ဖတ်၊ ပြီးမှ Indeed ကို ပြန်သွား၊ ပြီးမှ Apply လုပ်ရတာပါ။ အခုတော့ အဆင့်တွေ ပိုလျော့သွားပါတယ်။ ကုမ္ပဏီအကြောင်း လေ့လာပြီးတာနဲ့ လျှောက်ထားနိုင်တာ ကြောင့် အချိန်ကုန် သက်သာလာပါတယ်။

၃။ AI က ကိုယ့်အတွက် ပိုတိကျတဲ့အလုပ်တွေ အကြံပေးလာမယ်။

Platform နှစ်ခုရဲ့ Data တွေ ပေါင်းလိုက်တဲ့အခါ၊ AI က ကိုယ့်ရဲ့ Experience၊ ကိုယ့် Skill၊ ကိုယ့် Career History၊ ကိုယ့်ရဲ့ ရှာဖွေမှုတွေကို ပိုနားလည်လာနိုင်ပါတယ်။ အဲဒီအတွက် Job Recommendation တွေကလည်း ပိုတိကျလာနိုင်ပါတယ်။

၄။ Salary ကို ပိုပြီး ခန့်မှန်းလို့ရလာမယ်။

Glassdoor ရဲ့ Salary Data က အရမ်းတန်ဖိုးရှိပါတယ်။ Indeed ရဲ့ Job Market Data နဲ့ ပေါင်းလိုက်တဲ့အခါ “ ဒီရာထူးက စင်ကာပူမှာ ဘယ်လောက်ရသင့်လဲ” ၊ “ Remote ဆိုရင် ဘယ်လောက်ရှိလဲ” စသဖြင့် ခန့်မှန်းမှုတွေ ပိုတိကျလာနိုင်ပါတယ်။

၅။ Employer တွေကလည်း ပိုပြီး Smart ဖြစ်လာမယ်။

ကုမ္ပဏီတွေအတွက်လည်းပဲ Job Post လုပ်တာ၊ Employer Branding လုပ်တာ၊ Company Reviews နဲ့ Recruitment လုပ်တာ အစရှိတာတွေကို Platform တစ်ခုတည်းကနေ စီမံနိုင်လာပါတယ်။ အလုပ်ခန့်ဖို့လည်း ပိုမြန်လာနိုင်ပါတယ်။

ဒါပေမဲ့ Privacy ကိုတော့ ဆက်ပြီး စောင့်ကြည့်ရပါမယ်။ Glassdoor ရဲ့ အားသာချက်က Anonymous Review ဖြစ်ပါတယ်။ အခု Company နဲ့ Platform ပေါင်းသွားတဲ့အတွက်၊ တချို့ User တွေက “ Review တွေ လွတ်လပ်ဦးမလား” ၊ “ Data Privacy ဘယ်လိုဖြစ်မလဲ” ဆိုပြီး စိုးရိမ်နေကြပါတယ်။ Glassdoor ဘက်ကတော့ Anonymous Reviews နဲ့ Community Features တွေကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောထားပါတယ်။

ဒါဟာ အစပိုင်းပဲ ရှိပါသေးတယ်၊ လာမယ့်နှစ်ပိုင်းတွေအတွင်းမှာ AI Resume Writer ၊ AI Interview Coach ၊ AI Career Mentor ၊ Personalized Career Roadmap ၊ Skill Gap Analysis ၊ Salary Forecast စတာတွေလိုမျိုး Feature အသစ်တွေ ပိုပြီး မြင်လာနိုင်ပါတယ်။

အလုပ်ရှာတာယ်ဆိုတာ Resume တင်ပြီး စောင့်နေတဲ့ခေတ်ကနေ AI က Career ကို အကြံပေးတဲ့ခေတ်ကို တဖြည်းဖြည်း ရောက်လာနေပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က “ အလုပ်ဘယ်မှာရှိလဲ” ဆိုတာပဲ အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာတော့၊ Company Culture က ဘယ်လိုလဲ၊ ဝန်ထမ်းတွေ အဲကုမ္ပဏီမှာပျော်ကြလား၊ Salary က တရားမျှတရဲ့လား၊ Career Growth ရှိလား၊ Work-Life Balance ကောင်းရဲ့လား ဆိုတာတွေကလည်း အလုပ်ရွေးတဲ့အခါ အရေးကြီးလာပါတယ်။

ဒါကြောင့် Indeed နဲ့ Glassdoor ပေါင်းစည်းမှုက အလုပ်ရှာတဲ့နည်းလမ်းကို ပြောင်းလဲစေနိုင်ပါတယ်။

စာဖတ်သူတို့ရော Indeed, LinkedIn, Glassdoor, ZipRecruiter, ဒါမှမဟုတ် အခြား Platform တွေထဲမှာ ဘယ်တစ်ခုကို အများဆုံး အသုံးပြုဖူးလဲ၊ Comment မှာ မျှဝေပေးခဲ့ပါဦး။

Ref & Sources: Glassdoor Official Newsroom, Indeed, Recruit Holding, Reuters, Reddit Community Discussion

Related Posts