,

Community Conservation, Data Visualization, and Mapping Externship

ဒေတာအချက်အလက်တွေနဲ့ Environment နဲ့ပတ်သတ်တဲ့ မြေပုံရေးဆွဲတဲ့နည်းပညာတွေကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ချင်တဲ့လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ကမ္ဘာ့အဆင့်မီ အဖွဲ့အစည်းတွေဖြစ်တဲ့ National Geographic Society နဲ့ The Nature Conservancy တို့ ပူးပေါင်းပြီးလုပ်ဆောင်တဲ့ Community Conservation, Data Visualization, and Mapping Externship အစီအစဉ်အတွက် လျှောက်လွှာတွေတင်လို့ရပါပြီ။

National Geographic ကိုတော့ သဘာဝတရားနဲ့ သိပ္ပံပညာရပ်တွေကို စိတ်ဝင်စားသူတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ The Nature Conservancy ဆိုတာကတော့ ကမ္ဘာမြေရဲ့ ဇီဝမျိုးကွဲတွေနဲ့ ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အဓိကထားပြီးလုပ်ဆောင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း နှစ်ခုကနေ လူငယ်တွေအတွက် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေ ရနိုင်အောင် ဒီ program ကို ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ online ကနေတစ်ဆင့် လုပ်ဆောင်ရမယ့် Remote Externship ဖြစ်ပါတယ်။ ရွေးချယ်ခံရရင် စုစုပေါင်း (၈) ပတ်ကြာ ကြာမြင့်မှာဖြစ်ပြီး တစ်ပတ်ကို အချိန် (၁၀) နာရီခန့် ပေးဖို့လိုအပ်ပါတယ်။

ဒီ Externship ကနေ ဘာတွေ ရရှိနိုင်မလဲ?

Professional Experience – ဒေသခံအသိုင်းအဝိုင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (Community Conservation) ဆိုင်ရာ လက်တွေ့ လုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခွင့် ရပါမယ်။

Technical Skills – Data Visualization နဲ့ မြေပုံဆွဲတဲ့ နည်းပညာ လို ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သင်ယူရပါမယ်။

Networking & Mentorship – နိုင်ငံတကာက သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူ လူငယ်တွေနဲ့ ချိတ်ဆက်နိုင်မယ့်အပြင် ဒီနယ်ပယ်ကကျွမ်းကျင်ပညာရှင်တွေဆီကနေလည်း တိုက်ရိုက် လမ်းညွှန်မှုတွေ ရရှိမှာပါ။

Stipend – ပရိုဂရမ်ကို အောင်မြင်စွာ ပြီးမြောက်တဲ့အခါ အမေရိကန်ဒေါ်လာ $500 ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

လိုအပ်ချက်များ

အသက် – 18-25 years old
ပညာအရည်အချင်း – အနည်းဆုံးအခြေခံပညာ အထက်တန်းအဆင့်​
နောက်ဆုံးလျှောက်ရမည့်ရက် – August 30, 2026
ကာလ – September 14 – November 9

တကယ်လို့ ကိုယ်က Data တွေ၊ မြေပုံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ လက်လွတ်မခံဘဲ လျှောက်ကြည့်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။ ဒီ program ကို လျှောက်ထားချင်တယ်ဆိုရင်‌တော့ အောက်မှာပါရှိတဲ့ link ကနေတစ်ဆင့် ဝင်ရောက် လျှောက်ထားနိုင်ပါတယ်။

https://apply.extern.com/514

Related Posts