ASEAN Scholarship ဟာ စင်ကာပူပညာရေးဝန်ကြီးဌာန (MOE) ကနေ အာဆီယံနိုင်ငံတွေက ထူးချွန်တဲ့ကျောင်းသားတွေကို စင်ကာပူနိုင်ငံမှာ တက်ရောက်ဖို့ ပေးအပ်တဲ့ အပြည့်အဝထောက်ပံ့ပေးမယ့် ပညာသင်ဆုဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက ရွေးချယ်ထားတဲ့ အထက်တန်းကျောင်းတွေမှာ Secondary 3 (မြန်မာနိုင်ငံက Grade 10 ဝန်းကျင်) အဆင့်ကနေ စတင်တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီပညာသင်ဆုအတွက် မြန်မာနိုင်ငံက ကျောင်းသားတွေကိုလည်း နှစ်စဉ် ခေါ်ယူလေ့ရှိပါတယ်။
ဒီပညာသင်ဆုဟာ အဓိကအားဖြင့် Secondary 3 ဒါမှမဟုတ် Pre-University 1 (ကိုယ်တိုင်လျှောက်တဲ့နှစ်ပေါ်မူတည်) ကနေ စတက်ရမှာဖြစ်ပါတယ်။
အဓိက လိုအပ်ချက်တွေကတော့ –
- ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ အတွင်း မွေးဖွားသူ ဖြစ်ရမယ်။
- ပညာအရည်အချင်း အနေနဲ့ အနည်းဆုံး Grade 9 အောင်မြင်ပြီးသူ ဖြစ်ရမယ်။
- Grade 9 နဲ့ Grade 10 မှာ အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူခဲ့သူ ဖြစ်ရမယ်။
- ကျောင်းစာမေးပွဲတွေမှာ အစဉ်တစိုက် အမှတ်ကောင်းကောင်း ရထားတဲ့သူ ဖြစ်ရမယ်။
- ကျောင်းပြင်ပလှုပ်ရှားမှု (အားကစား၊ အနုပညာ၊ စေတနာ့ဝန်ထမ်းစသည်) တွေမှာ တက်တက်ကြွကြွ ပါဝင်ဖူးတဲ့ မှတ်တမ်း ရှိရပါမယ်။
- မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။
https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar




