,

စင်ကာပူနိုင်ငံတွင် Covid ကာလနောက်ပိုင်း အလုပ်ဖြုတ်ခံရသူ အများဆုံးအဆင့်သို့ ရောက်ရှိလာ

စင်ကာပူနိုင်ငံ၏ အလုပ်သမားဈေးကွက်မှာ ဆက်လက်တိုးချဲ့နေသော်လည်း၊ လုပ်ငန်းများ၏ဖွဲ့စည်းပုံ ပြင်ဆင်မှုများကြောင့် အလုပ်မှထုတ်ပယ်ခံရသူ အရေအတွက်မှာ Covid ကာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း စင်ကာပူလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန (MOM) ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ဧပြီလမှ ဇွန်လအတွင်း အလုပ်ရှင်များက ဝန်ထမ်း ၄,၅၀၀ ဦးအထိ အလုပ်မှ ထုတ်ပယ်ခဲ့ရာ ယခင် ပထမေး၏ ၃,၈၃၀ ဦးနှင့် နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဤအရေအတွက်သည် ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ် (လူပေါင်း ၅,၆၄၀ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ရစဉ်က) နောက်ပိုင်း အမြင့်ဆုံး စံချိန်တင် အခြေအနေ ဖြစ်သည်။

အဆိုပါ အလုပ်ထုတ်မှုများသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ငန်းကဲ့သို့သော ပြင်ပကို အဓိကထားသည့် ကဏ္ဍများအတွင်း လုပ်ငန်းဖွဲ့စည်းပုံ ပြင်ဆင်မှုများကြောင့် အဓိက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အလုပ်ထုတ်မှုများ မြင့်တက်လာသော်လည်း တစ်နိုင်ငံလုံး၏ စုစုပေါင်း အလုပ်အကိုင် အခွင့်အလမ်းမှာ ဆက်လက် တိုးတက်နေဆဲ ဖြစ်သည်။ ဒေသခံနှင့် နိုင်ငံခြားသား ဝန်ထမ်းများအပါအဝင် စုစုပေါင်း အလုပ်အကိုင်မှာ အဆိုပါ သုံးလပတ်အတွင်း ၁၀,၇၀၀ ဦးအထိ တိုးတက်လာခဲ့သည်။ ဇွန်လကုန်ပိုင်းအထိ တစ်နိုင်ငံလုံး၏ အလုပ်လက်မဲ့နှုန်းမှာ ယခင်သုံးလပတ်ကကဲ့သို့ပင် ၂ ရာခိုင်နှုန်းတွင် တည်ငြိမ်စွာ ဆက်လက်ရှိနေသည်။
လုပ်ငန်းရှင်များအနေဖြင့် နောင်လာမည့်လများတွင် ဝန်ထမ်းအသစ် ခန့်အပ်ရန်နှင့် လုပ်ခလစာ တိုးမြှင့်ပေးရန် အစီအစဉ်များ ရှိနေဆဲဖြစ်သဖြင့် အလုပ်သမားဈေးကွက်အပေါ် ဝယ်လိုအားမှာ ခိုင်မာမှု ရှိနေဆဲဖြစ်ကြောင်း MOM က ဖော်ပြထားသည်။

သို့သော်လည်း ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများနှင့် နည်းပညာပြောင်းလဲမှုများကြောင့် ကုမ္ပဏီများနှင့် အလုပ်သမားများအနေဖြင့် မိမိတို့၏ လုပ်ကိုင်နိုင်စွမ်းရည်များကို အမြဲမပြတ် မြှင့်တင်ကြရန် တိုက်တွန်းထားသည်။

ref: https://sg.news.yahoo.com/singapore-retrenchments-hit-highest-level-since-the-pandemic-053740171.html

Related Posts