လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှာ အပြစ်မဲ့ကလေးသူငယ်တွေဟာ အဆိုးရွားဆုံး ရိုက်ခတ်မှုတွေကို ခံစားနေကြရပါတယ်။
ဒီအတွက် အကာအကွယ်ပေးဖို့နဲ့ အခွင့်အရေးတွေကို မြှင့်တင်ပေးဖို့အတွက် ကုလသမဂ္ဂ စနစ်ဝန်ထမ်းကောလိပ် (UNSSC) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး (OSRSG-CAAC) တို့ ပူးပေါင်းပြီး အွန်လိုင်းသင်တန်းတစ်ခုကို အခမဲ့ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ တတိယအကြိမ်မြောက် Children and Armed Conflict (CAAC) Advanced Training သင်တန်းဟာ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ လက်တွေ့အသုံးချနိုင်မယ့် ဗဟုသုတနဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။
💡 ဘာတွေလေ့လာရမလဲ။
ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ဆိုးရွားသော ချိုးဖောက်မှုကြီး ၆ ခုကို တားဆီးကာကွယ်ခြင်း ပဋိပက္ခဖြစ်ပွားရာဒေသရှိ ကလေးသူငယ်များ၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်း လက်နက်ကိုင်အဖွဲ့အစည်းများမှ ကလေးသူငယ်များကို ပြန်လည်ကယ်ထုတ်ခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့စေခြင်း (Reintegration) နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
📌 သင်တန်းအသေးစိတ်သင်တန်းကာလ – ၃ လ (အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရမည်)
Part I (CAAC Primer) – စက်တင်ဘာ ၂၀၂၆ အတွင်း မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာရန် (၄.၅ နာရီခန့် ကြာမြင့်မည်)။
Part II (Advanced Training) – အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၆ အထိ (တစ်ပတ်လျှင် တစ်ကြိမ်၊ ၂.၅ နာရီကြာ Live Session ၈ ကြိမ် တက်ရောက်ရမည်)။
သင်တန်းကြေး – အခမဲ့
သင်ကြားမည့်ဘာသာစကား – အင်္ဂလိပ်ဘာသာ
သင်တန်းပြီးဆုံးပါက UNSSC နှင့် OSRSG-CAAC တို့မှ တရားဝင် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပါမည်။
🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ။UN ဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO/NGO) များ၊ ကလေးသူငယ်အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ သို့မဟုတ် စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။(လျှောက်ထားသူသည် အနည်းဆုံး ဘွဲ့တစ်ခုခု (ဥပဒေ၊ နိုင်ငံရေးသိပ္ပံ သို့မဟုတ် နိုင်ငံတကာဆက်ဆံရေး) ရှိရမည် သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိရပါမည်)
⏳ လျှောက်ထားရမည့် နောက်ဆုံးရက်📅 ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (23:59 CEST) အထိ
🔗 အသေးစိတ်အချက်အလက်များနှင့် လျှောက်လွှာပုံစံကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည် – https://www.unssc.org/courses/children-and-armed-conflict-advanced-training-third-edition




