ဒီသင်တန်းကတော့ GIS အခြေခံရှိထားတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ GIS နည်းပညာကို စိတ်ဝင်စားသူတွေ အတွက် ရည်ရွယ်ပါတယ်။
ဒီသင်တန်းမှာ AI နည်းပညာက Geospatial လုပ်ငန်းခွင်တွေကို ဘယ်လိုတောင် ပြောင်းလဲပစ်နေပြီလဲဆိုတာကို လေ့လာသွားမှာ ဖြစ်ပါတယ်။
Machine Learning နဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားစရာ မလိုပေမဲ့ ဒီ နည်းပညာတွေရဲ့ အားသာချက်နဲ့ အကန့်အသတ်တွေကို သေသေချာချာ စဉ်းစားတွေးခေါ်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
ဒီသင်တန်းမှာ အပိုင်း (၅) ပိုင်း ပါဝင်ပြီး လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုတွေအပြင် သဘောတရားတွေကိုပါ နားလည်သွားအောင် လေ့လာနိုင်မှာဖြစ်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ –
- GeoAI ဆိုတာ ဘာလဲ၊ ဒါက ဘယ်လိုပေါ်ပေါက်လာတာလဲ။
- AI က ပထဝီဝင်ဆိုင်ရာ ဒေတာတွေကို ဘယ်လိုမျိုး ‘မြင်’ ကြည့်သလဲ။
- ဒီစနစ်တွေက ဘယ်လိုနေရာတွေမှာ၊ ဘာကြောင့် အမှားအယွင်း ဖြစ်တတ်သလဲ။
- AI အကူအညီနဲ့ မြေပုံဆွဲတဲ့ Tool တွေကို ဘယ်လိုအသုံးချမလဲ။
- ဒီနည်းပညာတွေကို အသုံးပြုတဲ့အခါ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို ဘယ်လိုမျိုး ဆန်းစစ်မလဲ စတာတွေပဲ ဖြစ်ပါတယ်။
အခမဲ့လေ့လာနိုင်မှာဖြစ်ပြီး သင်တန်းပြီးဆုံးသွားရင် Certificate ရရှိမှာ ဖြစ်ပါတယ်။
တက်ရောက်ရန် Link >> https://www.youthmappers.org/geoai





