,

National Geographic Remote Externship Program

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်အားထက်သန်ပြီး နိုင်ငံတကာအတွေ့အကြုံသစ်တွေ ရှာဖွေနေတဲ့ လူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ကမ္ဘာကျော် National Geographic Society (NGS) နှင့် The Nature Conservancy (TNC) တို့ ပူးပေါင်းပြီး Externship Program ကို ခေါ်ယူနေပြီ ဖြစ်ပါတယ်။

National Geographic ဆိုတာ သဘာဝသိပ္ပံပညာနယ်ပယ်မှာ ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်ပြီး The Nature Conservancy ကလည်း ကမ္ဘာတစ်ဝှမ်းက တောတောင်တွေကို ထိန်းသိမ်းဖို့အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဒီ Externship ပရိုဂရမ်ဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ လူငယ်တွေအတွက်-

• Professional Experience – နိုင်ငံတကာအဆင့်မီ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ရရှိစေမယ်။

• Networking – တစ်ကမ္ဘာလုံးက စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်နိုင်မယ်။

• Mentorship – ဒီနယ်ပယ်မှာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာရှင်တွေဆီက တိုက်ရိုက် လမ်းညွှန်မှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

• Stipend – ဒီပရိုဂရမ်ပြီးသွားရင် လုပ်အားခအနေနဲ့ ဒေါ်လာ ၅၀၀ ရရှိမှာပါ။

ဒီ Externship ရဲ့ ခေါင်းစဉ် ကတော့ Marine and Community conservation ဖြစ်ပြီး အွန်လိုင်း ကနေ လုပ်ဆောင်ရမယ့် Remote Externship အမျိုးအစားဖြစ်ပါတယ်။ တကယ်လို့ အရွေးခံရရင် တစ်ပတ်ကို (၁၀) နာရီနဲ့ (၈) ပတ်ကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတင်ဖို့ လိုအပ်တာတွေကတော့:

• အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရပါမယ်။

• အနည်းဆုံး အထက်တန်းအဆင့် ပြီးမြောက်သူဖြစ်ရပါမယ်။

• နောက်ဆုံး လျှောက်ထားရမယ့်ရက် – မေလ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။

• ဇွန်လ (၁) ရက်နေ့မှာစပြီး ဇူလိုင်လ (၂၇) ရက်မှာ ပြီးမှာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာ ရွေးချယ်မခံရရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ ဒီပရိုဂရမ်ဟာ တစ်နှစ်ကို (၃) ကြိမ် ခေါ်ယူလေ့ရှိတာကြောင့် လိုအပ်ချက်တွေနဲ့ ကိုက်ညီနေသရွေ့ နောက်အကြိမ်တွေမှာ ထပ်မံလျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရန် >> https://www.extern.com/national-geographic-society-and-the-nature-conservancy-externships

Related Posts