,

📢 UNOPS Youth Engagement Platform Program အတွက် ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ

ကမ္ဘာ့ကုလသမဂ္ဂ (UN) အဖွဲ့အစည်းတစ်ခုမှာ အတွေ့အကြုံယူချင်တယ်၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ချင်တယ်ဆိုတဲ့ လူငယ်တွေအတွက် UNOPS ရဲ့ Youth Engagement Platform (YEP) ကတော့ အခွင့်အလမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

🤔 UNOPS ဆိုတာ ဘာလဲ။ Youth Engagement Platform ကကော ဘာလဲ။

UNOPS (United Nations Office for Project Services) ဆိုတာကတော့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ စီမံကိန်းတွေ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေနဲ့ ဝယ်ယူမှုလုပ်ငန်းစဉ်တွေကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ တခြား UN အဖွဲ့အစည်းတွေနဲ့ မတူတာကတော့ UNOPS က service based အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

Youth Engagement Platform ဆိုတာက 2024 ခုနှစ်တုန်းကမှ စတင်ပြီး ဖွင့်လှစ်ခဲ့တဲ့ program အသစ်တစ်ခုပါ။ ဒီ program ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ထူးချွန်တဲ့ လူငယ်တွေကို စုပြီး သူတို့ရဲ့ အကြံဉာဏ်တွေနဲ့ project တွေကို စီမံခန့်ခွဲဖို့ပဲဖြစ်ပါတယ်။

Program overview

No salary/Pro bon – ဒီအလုပ်က လစာမရပါဘူး။
ကြာချိန် – ၁ နှစ်
Status: Remote/home based 🏡 Online ကနေလုပ်ရမှာဖြစ်တဲ့အတွက် ကိုယ့်အိမ်ကနေ သက်သောင့်သက်သာလုပ်နိုင်ပါတယ်။

Total position: 30 (15 external, 15 internal)
စုစုပေါင်း လူအယောက် 30 ကိုခန့်မယ်ဆိုပေမယ့် အဲ့အထဲက 15 ယောက်က UNOPS မှာအလုပ်လုပ်နေပြီးသား လူတွေကိုပဲ ခန့်အပ်တာပါ။ ပြောချင်တာက တကယ်တမ်းမှာတော့ ကိုယ့်အတွက်က နေရာ 15 ခုပဲရှိမှာဖြစ်ပါတယ်။

လိုအပ်ချက်များ

အသက် 18 နှစ်ကနေ 30 ကြားလူငယ်ဖြစ်ရပါမယ်။
အနည်းဆုံး အထက်တန်းအဆင့် ပညာရေးပြီးမြောက်ပြီးတဲ့သူ ဖြစ်ရပါမယ်။
Application date – December 2026

🌟 ဘာကြောင့် လျှောက်သင့်တာလဲ?

ဒီအလုပ်က လစာမဲ့ ဖြစ်ပေမယ့် လူငယ်တွေအတွက် အရမ်းကို အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ –
Global Network – ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့ ကိုယ်နဲ့သက်တူရွယ်တူလူငယ်တွေနဲ့ ချိတ်ဆက်ခွင့်ရမှာဖြစ်ပါတယ်။
Career Growth – UN ရဲ့ လုပ်ငန်းခွင်အတွေ့အကြုံကို ကိုယ့်ရဲ့ CV မှာ ထည့်နိုင်ပါမယ်။ အကယ်၍ ကိုယ့်မှာ UN အတွေအကြုံရှိရင် လစာကောင်းတဲ့ ရာထူးကြီးတွေကို လျှောက်တဲ့ အခါ အရမ်းကို အသုံးဝင်ပါတယ်။
Impact – ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကိုယ့်အသံနဲ့ အကြံဉာဏ်တွေကို တိုက်ရိုက် ထည့်ဝင်ခွင့်ရပါမယ်။

ကိုယ့်ဘက်က ready ဖြစ်နေအောင်ပြင်ဆင်ထားပါ။ ဒီ program က ဒီဇင်ဘာလ မှဖွင့်မှာဖြစ်လို့ အရမ်းဝေးသေးတယ်လို့ထင်ရပေမယ့် အခုကနေပြင်ဆင်မှ ကိုယ်ကိုအရွေးခံရဖို့ အခွင့်အလမ်းကပိုများမှာပါ။ ဒီ Program က UN ကလည်းဖြစ်တယ်၊ လျှောက်တဲ့ သူထောင်နဲ့ချီတဲ့အထဲကမှ 15 ယောက်ကိုပဲ ရွေးမှာဖြစ်လို့ အရမ်းကို ပြိုင်ဆိုင်မှုများပါတယ်။ အနိမ့်ဆုံး လိုအပ်ချက် က အထက်တန်းအောင်ရင် လျှောက်လို့ရတယ်ဆို‌ပေမယ့် ကိုယ့်မှာ တခြား achievement တွေရှိမှ နိုင်ငံတကာကလူတွေနဲ့ ပြိုင်လို့ရမှာဖြစ်ပါတယ်။

📝 ဘယ်လို ပြင်ဆင်ထားရမလဲ?

Volunteering – လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ထားပါ။
Personal Projects – ကိုယ်တိုင် ဦးဆောင်ပြီးလုပ်တဲ့ project လေးတွေ ရှိထားရင် ပိုကောင်းပါတယ်။
Certificates – ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ၊ အထူးသဖြင့် sustainable development နဲ့ဆိုင်တဲ့ နယ်ပယ်တွေမှာ ထူးချွန်ကြောင်း သက်သေပြနိုင်မယ့် Certificate တွေ စုဆောင်းထားပါ။
Motivation Letter – ကိုယ်က ဘာကြောင့် ဒီ Platform မှာ ပါဝင်ချင်တာလဲ။ ကိုယ့်ရဲ့ ပါဝင်မှုက ဒီ Platform ကို ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကို အခုကတည်းက စဉ်းစားထားပါ။
December လရောက်မှ ပြင်ဆင်မယ်ဆိုရင် နောက်ကျသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ CV က တခြားသူတွေထက် သာအောင် အခုကတည်းက အတွေ့အကြုံသစ်တွေ ရှာဖွေထားကြဖို့ တိုက်တွန်းချင်ပါတယ်နော်။

Related Posts