,

အီတလီအစိုးရပညာသင်ဆုများ

အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန (MAECI) ကနေ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပေးအပ်မယ့် Italian Government Scholarships တွေကို လျှောက်ထားနိုင်ပါပြီ။ နိုင်ငံတကာကျောင်းသားတွေအတွက် အီတလီရဲ့ နာမည်ကြီးတက္ကသိုလ်တွေမှာ အခမဲ့နီးပါး ပညာသင်ကြားခွင့်ရမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

🎓 ဘာတွေအတွက် လျှောက်လို့ရလဲ?

– Master’s Degrees (Laurea Magistrale)

– PhD Programs

– Research Projects (အကြံပေးဆရာရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ဆောင်မယ့် သုတေသနများ)

– Arts, Music and Dance ဆိုင်ရာ အဆင့်မြင့်သင်တန်းများ (AFAM)

– အီတလီဘာသာစကားနဲ့ ယဉ်ကျေးမှုသင်တန်းများ (၃ လ သင်တန်း)

💰 ဒီပညာသင်ဆုက ဘာတွေထောက်ပံ့ပေးမှာလဲ?

– လစဉ်ထောက်ပံ့ကြေး: တစ်လကို € ၉၀၀ (ယူရို ၉၀၀) ဝန်းကျင်။

– သင်တန်းကြေး၊ ကျောင်းလခနဲ့ မှတ်ပုံတင်ကြေးတွေ ကင်းလွတ်ခွင့်ရပါမယ်။

– ကျန်းမာရေးအာမခံ: ပညာသင်ကာလအတွင်း ဆေးကုသမှုအာမခံ။

📝 သတ်မှတ်ချက်များ

အသက်ကန့်သတ်ချက် – Master လျှောက်မယ့်သူက ၂၈ နှစ် မကျော်ရပါဘူး။ PhD အတွက်ကတော့ ၃၀ နှစ် အထိ ခွင့်ပြုထားပါတယ်။ (သုတေသနအတွက်ဆိုရင်တော့ ၄၀ နှစ်အထိကန့်သတ်ထားပါတယ်။

ဘာသာစကား – အင်္ဂလိပ်စာနဲ့ သင်မယ့်သင်တန်းဆိုရင် အင်္ဂလိပ်စာ ကျွမ်းကျင်မှု (IELTS/TOEFL) ရှိရမှာဖြစ်ပြီး၊ အီတလီလိုသင်မယ့် သင်တန်းဆိုရင် အီတလီဘာသာစကား (B2 level) ရှိဖို့ လိုပါတယ်။

ပညာအရည်အချင်း – သက်ဆိုင်ရာ အတန်းအလိုက် လိုအပ်တဲ့ ဘွဲ့လက်မှတ်တွေ ရှိရပါမယ်။

⏰ လျှောက်ထားရန် နောက်ဆုံးရက်

လျှောက်လွှာတင်ရမယ့် နောက်ဆုံးရက်ကတော့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက် (မြန်မာစံတော်ချိန် ညနေပိုင်း) ဖြစ်ပါတယ်။

Study in Italy Portal ကနေ တိုက်ရိုက်လျှောက်ထားရပါမယ် –

👉 https://studyinitaly.esteri.it

Related Posts