Thammasat ကနေ နိုင်ငံတကာကျောင်းသားတွေအတွက် Thammasat International Student Recruitment Round 2 အတွက် လျှောက်လွှာတွေ ခေါ်နေပါပြီ။
ဒီစကောလားရှစ်အတွက် ဘွဲ့ကြို (Bachelor’s)၊ ဘွဲ့လွန် (Master’s/PhD) လျှောက်လို့ရတာဖြစ်ပါတယ်။ Thammasat International Student Recruitment (TISR) ဆိုတာ နှစ်တိုင်းလိုလို Thammasat University က ပေးတဲ့ စကောလားရှစ် အစီအစဉ်ဖြစ်ပါတယ်။
ကျောင်းတက်ဖို့ အတည်ပြုချက်ရပြီး (Enrollment) သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေဟာ အောက်ပါ ပညာသင်ဆု (Scholarship) အမျိုးအစားတွေကို လျှောက်ထားနိုင်ခွင့် ရှိမှာ ဖြစ်ပါတယ် –
အမျိုးအစား (၅.၁) – ကျောင်းလစာ (Tuition Fees) အကုန်ကင်းလွတ်ခွင့် ရမယ့်အပြင်၊ တစ်လလျှင် ထောက်ပံ့ကြေး ၇,၅၀၀ ဘတ် ပေးအပ်မည့် အစီအစဉ်။
အမျိုးအစား (၅.၂) – ကျောင်းလစာ (Tuition Fees) အားလုံးကို အခမဲ့ ကင်းလွတ်ခွင့်ပေးမည့် အစီအစဉ်။
အမျိုးအစား (၅.၃) – ကျောင်းလစာ (Tuition Fees) ၏ ၅၀ ရာခိုင်နှုန်း ကို ကင်းလွတ်ခွင့်ပေးမည့် အစီအစဉ်။
Round 2 အတွက် လျှောက်လွှာပိတ်ရက်က ၂၀၂၆၊ မတ်လ ၃၁ ရက်နေ့ ဖြစ်ပါတယ်။
လျှောက်ထားရန် Link – https://oia.tu.ac.th/announcement-page/
အသေးစိတ်အချက်အလက်တွေနဲ့ Online လျှောက်လွှာကို ဒီ Link မှာ သွားကြည့်လို့ရပါတယ် –
https://oia.tu.ac.th/announcement/round-2-thammasat-university-notification-on-the-call-for-applications-for-international-applicants-to-study-in-undergraduate-and-post-graduate-levels-at-thammasat-university-under-the-thammasat-int/




