,

အင်ဒိုနီးရှားနဲ့ နော်ဝေးမှာ တက်ရောက်ရမယ့် ASEAN Master in Sustainability Management (MBA + MSc Scholarship)

ASEAN Master in Sustainability Management အစီအစဉ်ဟာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လမှာ Batch 3 အနေနဲ့ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန (Norwegian Ministry of Foreign Affairs) က အပြည့်အဝ ထောက်ပံ့ပေးထားတဲ့ အပြည့်အဝထောက်ပံ့ပေးမယ့် ပညာသင်ဆု ဖြစ်ပါတယ်။

အာဆီယံတက္ကသိုလ်များကွန်ရက် (AUN) Secretariat၊ အင်ဒိုနီးရှားနိုင်ငံ Universitas Gadjah Mada (UGM) နဲ့ နော်ဝေနိုင်ငံ University of Agder (UiA) တို့ ပူးပေါင်းပြီး သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါ အောက်ပါ Double Degree (ဘွဲ့နှစ်ခု) ကို ရရှိမှာ ဖြစ်ပါတယ် – အင်ဒိုနီးရှားနိုင်ငံ၊ UGM တက္ကသိုလ်က MBA (Sustainability Management) ဘွဲ့ နဲ့ နော်ဝေနိုင်ငံ၊ UiA တက္ကသိုလ်က MSc (Sustainability Management) ဘွဲ့ တို့ဖြစ်ပါတယ်။

လျှောက်ထားနိုင်သူများ

အာဆီယံနိုင်ငံ တစ်ခုခုရဲ့ နိုင်ငံသားဖြစ်ရပါမယ်။ မြန်မာနိုင်ငံသားတွေက ဦးစားပေးစာရင်းထဲမှာ ပါပါတယ်။
ဘွဲ့ကြို (Bachelor’s Degree) ရရှိပြီး ဖြစ်ရပါမယ်။
အသက် ၃၀ အောက်ဖြစ်ရပါမယ်။

ရွေးချယ်ခံရရင်

  • ကျောင်းလခ အပြည့်အဝရရှိပါမယ်။
  • လစဉ်ထောက်ပံ့ကြေးရရှိပါမယ်။
  • ဒီဂရီနဲ့ပတ်သက်တဲ့ ခရီးစဉ်တွေအတွက် ခရီးစရိတ်ရရှိပါမယ်။ နော်ဝေးမှာ နေထိုင်မယ့် ၆ ပတ်စာ အတွက် ကုန်ကျစရိတ်ကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
  • Laptop စာအုပ် နဲ့ အခြား ကုန်ကျစရိတ်တွေကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

စုစုပေါင်း ကြာချိန်က ၁၈ လ ဖြစ်ပါတယ်။

နောက်ဆုံးလျှောက်ထားရမည့်ရက် – March 31, 2026
ဆန်ကာတင်စာရင်း – April 2026
အင်တာဗျူး/ နောက်ဆုံးရွေးချယ်ခြင်း – April – May 2026
Pre-MBA သင်ခန်းစာများစတင်ချိန် – June – July 2026
အတန်းစတင်ချိန် – August 2026

လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ် – https://www.asean-sustainability.mba/admissions
Official Website – https://www.asean-sustainability.mba/

Related Posts