,

တရုတ်နိုင်ငံတွင် တက်ရောက်နိုင်မည့် ဘွဲ့ကြိုဒီဂရီ ကျောင်းသားများအတွက် USTC Fellowship

Level A – ကျောင်းလစာ အခမဲ့၊ ဆေးအာမခံ၊ လစဉ်ထောက်ပံ့ကြေး (၂,၅၀ RMB) နှင့် နေထိုင်စရိတ် ထောက်ပံ့မည်။

Level B – ကျောင်းလစာ အခမဲ့။

(မှတ်ချက် – Level နှစ်ခုလုံးကို တစ်ပြိုင်နက် လျှောက်ထားနိုင်ပြီး ကျောင်းဘက်မှ အကဲဖြတ်၍ တစ်မျိုးကိုသာ ရွေးချယ်ပေးပါမည်။)

လျှောက်ထားနိုင်သူများ

1. နိုင်ငံသား – တရုတ်နိုင်ငံသားမဟုတ်သူ၊ ပတ်စ်ပို့ကိုင်ဆောင်ထားသူ၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

2. ဘာသာစကား – HSK Level 5 နှင့်အထက် အောင်မြင်ထားရမည်။ (တရုတ်ဘာသာဖြင့် အထက်တန်းအောင်ထားသူများ ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်)။

3. ပညာအရည်အချင်း – ၂၀၂၆ ဇူလိုင်လတွင် အထက်တန်းအောင်မြင်မည့်သူ (သို့မဟုတ်) အောင်မြင်ပြီးသူ ဖြစ်ရမည်။

4. အသက်ကန့်သတ်ချက် – ၂၀၂၆ စက်တင်ဘာ ၁ ရက်တွင် အသက် ၃၀ နှစ်အောက် ဖြစ်ရမည်။

5. အခြားကန့်သတ်ချက် – တရုတ်အစိုးရ၏ အခြားပညာသင်ဆု (၂၀၂၆-၂၀၂၇) ရရှိထားသူများ လျှောက်ထား၍မရပါ။

လျှောက်လွှာတင်ရန်ကာလ – ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် အထိ။

လျှောက်ထားရန် – USTC Application System တွင် အကောင့်ဖွင့်၍ မိမိလျှောက်လိုသော Level ကို ရွေးချယ်လျှောက်ထားရပါမည်။

အသေးစိတ်ဖတ်ရန် – https://ic.ustc.edu.cn/en/v7info.php?Nav_x=17

Related Posts