,

⚠️ Moltbot သုံးရင် ဘာတွေ သတိထားရမလဲ?

လူငယ်တွေ၊ နည်းပညာရှင်တွေ ကြားမှာ ရေပန်းစားအသုံးများလာတဲ့ AI Assistant တစ်ခုဖြစ်တဲ့ Moltbot ကို သုံးမယ်လို့စဉ်းစားရင် သိထားရမယ့် အချက်တွေရှိပါတယ်။ နည်းပညာအသစ်တွေကို စမ်းသပ်ရတာ ဝါသနာပါတာ ကောင်းပေမဲ့ ကိုယ့်ရဲ့ Personal Data တွေ မဆုံးရှုံးစေဖို့ အန္တရာယ်တွေကို ကြိုတင်သိထားဖို့ လိုအပ်ပါတယ်။

၁။ ကိုယ့်ရဲ့ Computer ကို သူများ လက်ထဲ ထိုးပေးသလို ဖြစ်နိုင်ခြင်း

Moltbot က အလုပ်လုပ်ဖို့အတွက် သင့်ရဲ့ Computer ထဲက File တွေကို ဖတ်ခွင့်၊ ပြင်ခွင့်နဲ့ System တစ်ခုလုံးကို Control လုပ်ခွင့် တောင်းလေ့ရှိပါတယ်။ အကယ်၍ ဒီ Software မှာ အားနည်းချက်ရှိနေရင် ဒါမှမဟုတ် Hacker တစ်ယောက်ယောက်က ဝင်ရောက်ထိန်းချုပ်သွားရင် သင့်စက်ထဲက အရေးကြီးတဲ့ အချက်အလက်တွေ အကုန်လုံး သူများလက်ထဲ ပါသွားနိုင်ပါတယ်။

၂။ Password နဲ့ API Key တွေ ခိုးယူခံရနိုင်ခြင်း

သုတေသနပြုချက်တွေအရ Moltbot ဟာ သင့်ရဲ့ Password တွေ၊ API Key တွေကို စာသားအတိုင်း သိမ်းဆည်းထားတတ်ပါတယ်။ ဒါဟာ Hacker တွေအတွက်တော့ အလွန်လွယ်ကူတဲ့ ပစ်မှတ်ဖြစ်သွားပြီး သင့်ရဲ့ Social Media ဒါမှမဟုတ် တခြား Account တွေကို ခိုးယူဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

၃။ မလုံခြုံတဲ့ Plugins များ

Moltbot မှာ အသုံးဝင်အောင် ထပ်ပေါင်းထည့်ရတဲ့ တချို့ Code တွေဟာ Open-source ဖြစ်တဲ့အတွက် ဘယ်သူမဆို ဖန်တီးလို့ရပါတယ်။ ဒါတွေက မရိုးသားတဲ့သူတွေ ဖန်တီးထားတာမျိုး ဖြစ်နိုင်ပြီး အဲဒါကို Install လုပ်လိုက်တာနဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခိုးယူမယ့် “ Backdoor” တစ်ခု ဖွင့်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

၄။ Prompt Injection (ညွှန်ကြားချက် အမှားများ)

AI Agent တွေဟာ တစ်ခါတလေမှာ အပြင်ကဝင်လာတဲ့ Message တွေ၊ Email တွေကို ဖတ်ပြီး အလုပ်လုပ်တတ်ပါတယ်။ အကယ်၍ တစ်ယောက်ယောက်က မသမာတဲ့ ညွှန်ကြားချက် (Malicious Prompt) တစ်ခု ပို့လိုက်ရင် Moltbot က အဲဒါကို အမှန်ထင်ပြီး သင့်ရဲ့ File တွေကို ဖျက်ပစ်တာ ဒါမှမဟုတ် ပိုက်ဆံလွှဲပစ်တာမျိုးအထိ လုပ်ဆောင်မိနိုင်ပါတယ်။

၅။ Account များ အပိတ်ခံရနိုင်ခြင်း

နောက်ဆုံးအချက်ကတော့ အရမ်းအရေးကြီးတဲ့ အချက်ဖြစ်သလို လူတော်တော်များများ သတိမထားမိတဲ့ အန္တရာယ်တစ်ခုဖြစ်ပါတယ်။ Moltbot လိုမျိုး Automation Tools တွေဟာ LLM (Claude, Gemini, OpenAI) တွေရဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်မိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒီလိုချိုးဖောက်မိရင် အကောင့်သုံးမရအောင် ပိတ်သွားနိုင်ပါတယ်။

Moltbotကို WhatsApp တို့ Telegram တို့နဲ့ ချိတ်ဆက်သုံးတဲ့အခါ အဲဒီ App တွေရဲ့ စည်းကမ်းချက် (Terms of Service) ကို ချိုးဖောက်ရာ ရောက်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ သင့်ရဲ့ အဓိကဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ Chat Account တွေ အပြီးအပိုင် အပိတ်ခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

Related Posts