,

ASEAN-Maybank ပညာသင်ဆု

ASEAN-Maybank Scholarship ဟာ အာဆီယံဒေသတွင်းက ထူးချွန်တဲ့ လူငယ်တွေအတွက် အပြည့်အဝထောက်ပံ့ပေးတဲ့ စကောလားရှစ် (Full Scholarship) အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ကျောင်းလခ၊ နေထိုင်စရိတ်နဲ့ လေယာဉ်လက်မှတ် အပါအဝင် အလုပ်သင်ဆင်းခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ပေးတဲ့ စကောလားရှစ်ဖြစ်ပါတယ်။

လျှောက်ထားရန် လိုအပ်ချက်များ

ASEAN-Maybank ပညာသင်ဆု လျှောက်ထားရန်အတွက် လျှောက်ထားသူများသည် အောက်ဖော်ပြပါ လိုအပ်ချက်များအားလုံးနှင့် ပြည့်စုံရပါမည်။

ဘွဲ့ကြိုသင်တန်း (Undergraduate) တက်ရောက်မည့်သူများအတွက် သတ်မှတ်ချက်များ

ဘွဲ့ကြိုသင်တန်း စတင်တက်ရောက်မည့်သူများ ဖြစ်ပါက – အာဆီယံတက္ကသိုလ်များကွန်ရက် (AUN) အောက်ရှိ တက္ကသိုလ်ပေါင်း (၂၅၀) နှင့် ၎င်း၏ မိတ်ဖက်တက္ကသိုလ်များထဲမှ တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားသည့် လက်ခံစာ (Acceptance Letter) ရှိရမည်။ ထို့ပြင် အခြေခံအဆင့်လေ့လာမှုများ (Foundation Studies) တွင် အနည်းဆုံး CGPA 3.00 သို့မဟုတ် ၎င်းနှင့်ညီမျှသော ရမှတ်ရှိရမည်။

(သို့မဟုတ်)

လက်ရှိ ပထမနှစ် ဘွဲ့ကြိုသင်တန်း တက်ရောက်နေသူများ ဖြစ်ပါက အာဆီယံတက္ကသိုလ်များကွန်ရက် (AUN) အောက်ရှိ တက္ကသိုလ်ပေါင်း (၂၅၀) နှင့် ၎င်း၏ မိတ်ဖက်တက္ကသိုလ်များထဲမှ တစ်ခုခုတွင် တက်ရောက်နေသူ ဖြစ်ရမည်။ အနည်းဆုံး CGPA 3.00 သို့မဟုတ် ၎င်းနှင့်ညီမျှသော ရမှတ်ကို ထိန်းထားနိုင်ရမည်

ပညာရေးနှင့် ပြင်ပလှုပ်ရှားမှုများ ထူးချွန်မှု

  • ထူးချွန်သော ပညာရေးမှတ်တမ်း ရှိရမည်။
  • ကျောင်းပြင်ပလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ ဖြစ်ရမည်။

လျှောက်ထားနိုင်သောတက္ကသိုလ်များစာရင်းကို ဤနေရာတွင်ကြည့်ပါ။

https://maybankfoundation.com/wp-content/uploads/2025/03/AUN-Core-Member-and-Associate-University-Listing.pdf

လေ့လာနိုင်မည့် ဘာသာရပ်များ

  • Accounting
  • Actuarial Science
  • Business Management
  • Data Science, Economics
  • Entrepreneurship
  • Finance
  • Information Technology
  • International Business
  • Mathematics
  • Political Science
  • Risk Management
  • Social Work
  • Future Ready Related Course (*e.g. Computer Programming, Web Development, Software Development, Mobile Application Development, UI/UX Design, Data Science, etc.)

ပညာသင်ဆုတွင် ပါဝင်မည့် အထောက်အပံ့များ

ကျောင်းလခ (Tuition Fees) – အပြီးအစီး။

အသုံးစရိတ်များ – လစဉ်သုံးစရိတ်နှင့် နေထိုင်စရိတ် (Accommodation) အတွက် ထောက်ပံ့ကြေး

လက်ပ်တော့ပ် (Laptop) – ကွန်ပျူတာတစ်လုံး

အခြေချနေထိုင်မှု စရိတ် – စတင်ရောက်ရှိချိန် အခြေချရန်အတွက် ထောက်ပံ့ကြေး (Settling-in allowance) ပေးမည်။

လေယာဉ်လက်မှတ် – အသွားအပြန် အီကိုနော်မီတန်း (Economy class) လေယာဉ်လက်မှတ်

ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် အလုပ်သင်ဆင်းခြင်း (Development programmes & Internship)

ASEAN-Maybank ပညာသင်ဆု ရရှိသူများသည် စိတ်လှုပ်ရှားဖွယ်ရာ အလုပ်သင် အခွင့်အလမ်းများကို ခံစားခွင့်ရရှိမည်ဖြစ်သည်။ ပညာသင်ဆုရရှိသူများသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)၊ အာဆီယံဖောင်ဒေးရှင်း (ASEAN Foundation) သို့မဟုတ် ဒေသတွင်းရှိ Maybank ရုံးခွဲများတွင် အလုပ်သင်ဆင်းခြင်းနှင့် ကျောင်းပိတ်ရက် တာဝန်ထမ်းဆောင်ခြင်း အစီအစဉ်များကို လုပ်ဆောင်နိုင်သည့်အပြင်၊ ဒေသတွင်းရှိ Maybank နှင့် Maybank Foundation တို့၏ အဓိကစီမံကိန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။

လုပ်ငန်းခွင် ဝင်ရောက်ခြင်း

ဘွဲ့ရရှိပြီးနောက် ပညာသင်ဆုရရှိသူများသည် Maybank၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး သို့မဟုတ် အာဆီယံဖောင်ဒေးရှင်းတို့တွင် (၃) နှစ် တာဝန်ထမ်းဆောင်ရမည့် သဘောတူညီချက် (Bond) ကို လိုက်နာရမည်ဖြစ်သည်။

မူလဝက်ဘ်ဆိုဒ်တွင်ဖတ်ရန် – https://maybankfoundation.com/what-we-do/our-pillars/education/asean-maybank-scholarship/

Related Posts