ယနေ့ခေတ်မှာ အချက်အလက် (Data) တွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းဟာ အလုပ်အကိုင်ဈေးကွက်မှာ တန်ဖိုးအရှိဆုံး အရည်အချင်းတစ်ခု ဖြစ်လာပါတယ်။ နည်းပညာနယ်ပယ်ထဲကို ခြေလှမ်းစချင်သူပဲဖြစ်ဖြစ်၊ လက်ရှိ career ကို မြှင့်တင်ချင်သူပဲဖြစ်ဖြစ် University of the People (UoPeople) နဲ့ IBM တို့ ရဲ့ Data Analytics Certificate က အကောင်းဆုံး နဲ့ အသင့်တော်ဆုံး လမ်းစတစ်ခု ဖြစ်ပါတယ်။
University of the People ဆိုတာ ဘာလဲ?
UoPeople ဟာ ကမ္ဘာ့ပထမဦးဆုံးသော အခမဲ့ပညာရေး (Tuition-free) ပေးနေတဲ့၊ အသိအမှတ်ပြုလက်မှတ်ရ (Accredited) အွန်လိုင်းတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ပညာသင်စရိတ် အခက်အခဲရှိသူတွေနဲ့ အလုပ်လုပ်ရင်း ကျောင်းတက်ချင်သူတွေအတွက် ရည်ရွယ်ပြီး တည်ထောင်ထားတာဖြစ်ါတယ်။
Data Analytics Certificate မှာ ဘာတွေသင်ရမလဲ?
ဒီ Certificate အစီအစဉ်ဟာ ကြာချိန် ၂ လ အတွင်းမှာတင် လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်မယ့် Data ပိုင်းဆိုင်ရာ အခြေခံတွေကို စနစ်တကျ သင်ကြားပေးပါတယ်။ သင်ယူရမယ့် ဘာသာရပ်တွေထဲမှာ –
1. Introduction to Statistics – အချက်အလက်တွေကို စာရင်းအင်းနည်းအရ တွက်ချက်ခြင်း။
2. Database Management – Data များကို စနစ်တကျ သိမ်းဆည်းခြင်း (SQL စသည်)။
3. Data Visualization – ရှုပ်ထွေးတဲ့ Data တွေကို အလွယ်တကူ နားလည်နိုင်အောင် ပုံဖော်တင်ပြခြင်း။
4. Python Programming – Data Analytics အတွက် မရှိမဖြစ်လိုအပ်တဲ့ Programming အခြေခံများ။
—
ဒီအစီအစဉ်ရဲ့ အားသာချက်များ
၁။ အခကြေးငွေ မပေးရတဲ့ နိုင်ငံတကာ အဆင့်မီ Certificate သင်တန်း ဖြစ်ပါတယ်။
၂။ အွန်လိုင်းကနေ ၁၀၀% တက်ရောက်ရတာဖြစ်လို့ မိမိအဆင်ပြေတဲ့ အချိန်မှာ စာကြည့်နိုင်ပါတယ်။ အလုပ်လုပ်နေသူတွေအတွက် အရမ်း အဆင်ပြေပါတယ်။
၃။ UoPeople ရဲ့ သင်ရိုးညွှန်းတမ်းတွေကို IBM လိုမျိုး ထိပ်တန်းကုမ္ပဏီတွေက ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းရေးဆွဲထားတာကြောင့် လက်တွေ့လုပ်ငန်းခွင်နဲ့ ကိုက်ညီမှုရှိပါတယ်။
—
ဘယ်သူတွေ တက်သင့်သလဲ?
– IT နယ်ပယ်ကို ပြောင်းလဲအလုပ်လုပ်ချင်တဲ့ လူငယ်များ။
– Business, Marketing ဒါမှမဟုတ် Finance နယ်ပယ်မှာ Data တွေကို အသုံးချချင်သူများ။
– နိုင်ငံတကာအသိအမှတ်ပြု Certificate တစ်ခုကို ရယူလိုသူများ။
—
ကျောင်းအပ်ပုံ အဆင့်ဆင့် ဒါမှမဟုတ် သင်တန်း နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ၊ နောက်ထပ် Course အသစ် တွေအကြောင်းကို သိချင်တယ်ဆိုရင် ကွန်မန့်ချန်ထားခဲ့ နိုင်ပါတယ်။
လျှောက်ထားရန် Link – https://www.uopeople.edu/programs/certificate/ibm-skillsbuild/data-analytics/





