ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ အခမဲ့ အင်္ဂလိပ်စာသင်ကျောင်း The Vera Thomson English School တည်ထောင်သူ Susan Jone Ozturk ကို MBE (the Member of the British Empire) ဆုကို ဂုဏ်ပြုချီးမြှင့်လိုက်တယ် လို့သိရပါတယ်။ Susan ဟာ ဒီအခမဲ့ ပညာသင်ကျောင်းကို ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းမှာ အင်္ဂလိပ်စာ တင်မကပဲ ကွန်ပျူတာ၊ ဂီတာ၊ ပီယာနို၊ တယော စတဲ့ ပညာရပ်တွေကိုလည်း လုံးဝအခကြေးငွေ မယူပဲ သင်ကြားပေးတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ တိုက်ပွဲတွေကြောင့် ကျောင်းကို ပိတ်ထားခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုတွေ အခုအချိန်ထိ ရှိနေတဲ့ အတွက် အခုအချိန်မှာတော့ စာသင်ကြားတာတွေကို ရပ်နားထားပါတယ်။


UK မိသားစု တစ်စုဟာ ငပလီကမ်းခြေကို လာရောက်လည်ပတ်တဲ့ အခါ ကျောင်းတက်ချင်တဲ့ ကိုရင်တပါးနဲ့ တွေ့ဆုံမိပြီး ကျောင်းထားပေးခဲ့ပါတယ်။ အဲ့ဒီကနေ စပြီး ဒီကျောင်းဖြစ်ပေါ်လာခဲ့တာ လို့ဆိုပါတယ်။ TVTS ကျောင်းကနေ ကျောင်းသားလူငယ်ပေါင်း ၁၄,၀၀၀ ကျော်ကို အခမဲ့ ပညာရေးပံ့ပိုးနိုင်ခဲ့ပြီလို့ဆိုပါတယ်။ ဒါ့အပြင် ငပလီ အပါအဝင်သံတွဲဒေသမှာ ရှိတဲ့ ငွေကြေးချို့တဲ့တဲ့ မိသားစုတွေ အတွက်ပါ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး အထောက်အပံ့တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။
MBE (the Member of the British Empire) ဆုဟာ လူမှုအသိုက်အဝန်း၊ သိပ္ပံနဲ့ အနုပညာ၊ ပရဟိတ စတာတွေနဲ့ ပတ်သက်ပြီး နှစ်ရှည်လများ ကူညီပံ့ပိုးပေးတဲ့သူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်၊ ဒီဆုဟာ ၁၀၉၁၇ ခုနှစ်မှာ ဘုရင် George V က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။






