ဒီဆောင်းပါးမှာပါတဲ့ အချက်အလက်တွေက HR တွေရဲ့ အဖြေတွေကို စုစည်းထားတာ ဖြစ်ပါတယ်။
၁။ CV ကို ဖတ်လိုက်တဲ့အခါ Copy-paste လုပ်ထားသလို ခံစားရတာ
စက်ရုပ်က ဖော်မြူလာနဲ့ ရေးသလို၊ အွန်လိုင်းပေါ်က ကော်ပီယူထားသလို ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ရေးတဲ့ ပုံစံက တခြားသူတွေရဲ့ CV တွေ၊ အွန်လိုင်းပေါ်က အပလီကေးရှင်းတွေနဲ့ ထပ်တူ တူညီနေပြီး ပုံစံတူ အကြောင်းအရာတွေလည်း ဖြစ်နေနိုင်ပါတယ်။
အထူးသဖြင့် AI-powered writing assistant ကို အသုံးပြုတဲ့သူတွေမှာ အဖြစ်များပါတယ်။ HR တွေကလည်း တူညီတဲ့ system တွေကို သုံးနေနိုင်တာပဲ ဖြစ်လို့ တူညီမှုဟာ အရမ်းသိသာသွားတာမျိုး ဖြစ်နိုင်ပါတယ်။
၂။ လူတစ်ယောက်ရေးထားသလိုမဟုတ်ပဲ စက်ရုပ်က ရေးထားသလို ဖြစ်နေတာ
လူတွေနဲ့ AI တွေရဲ့ စာလုံးရွေးချယ်မှုက မတူပါဘူး။ အထူးသဖြင့် AI နဲ့ ရေးတဲ့အခါ အရမ်း သတင်းဆောင်းပါး ဆန်တဲ့ အသုံးအနှုန်းတွေကို မြင်ရနိုင်ပါတယ်။ ဒါကြောင့် လူရေးတဲ့ ခံစားချက်မျိုး မရတော့တာ ဖြစ်ပါတယ်။
၃။ အကြောင်းအရာ အချက်အလက်လွဲနေတာ
အစအဆုံး AI ကို လုပ်ခိုင်းပြီး ကိုယ် မစစ်မိရင်တော့ အကြောင်းအရာ လွဲတာ၊ အချက်အလက်လွဲတာကို မမြင်တာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Summarize လုပ်တဲ့အခါမျိုးတွေမှာ ကိုယ်မပေးထားတဲ့ အချက်အလက်တွေကို အသုံးပြုတာ ၊ ဆိုလိုရင်း Context ပျောက်သွားတာမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါကြောင့် AI က အဖြေတခုထုတ်ပေးတိုင်း ကိုယ်ပြန်အသုံးမပြုခင် သေချာပြန်စစ်ဆေးတာ အကောင်းဆုံးပါ။ အထူးသဖြင့် အလုပ်လျှောက်တဲ့အခါ ဒီအချက်ဟာ ပိုအရေးကြီးပါတယ်။
CV မှာ AI အသုံးပြုတာ မကောင်းတာ မဟုတ်ပေမယ့် နည်းလမ်းမကျရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်ပါတယ်။ ဒါကြောင့် CV ရေးတဲ့အခါ အထူးသဖြင့် အစအဆုံး ပြန်ရေးတဲ့ အခါ အပေါ်က ဖော်ပြထားတဲ့ အချက်တွေကို သတိပြုဖို့ လိုပါတယ်။





