စာသင်ခန်းတွေထဲမှာ စမတ်ဖုန်းမသုံးဖို့ ချီလီနိုင်ငံမှာ ဥပဒေထုတ်ပြီး တားမြစ်မယ်

မူလတန်းနဲ့ အလယ်တန်းစာသင်ခန်းတွေထဲမှာ စမတ်ဖုန်းမသုံးဖို့ ဥပဒေထုတ်ပြီး တားမြစ်တဲ့နိုင်ငံထဲမှာ ချီလီနိုင်ငံလဲ ပါလာပါတယ်။ ဒီဥပဒေဟာ ၂၀၂၆ ခုနှစ်မှာ သမ္မတ ဂေဘရီယယ်လ်က လက်မှတ်ရေးထိုးပြီးတဲ့နောက် ကျောင်းနေချိန်ကာလစတင်ချိန်မှာ အသက်ဝင်လာမှာ ဖြစ်ပါတယ်။


ဥပဒေအရ စမတ်ဖုန်းကို အတန်းချိန်တွေထဲမှာ အသုံးမပြုဖို့ တားမြစ်ထားတာ ဖြစ်ပြီး အရေးပေါ်အချိန်နဲ့ ဥပဒေမှာ ညွှန်ကြားထားတဲ့အချိန် တချို့မှာတော့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး အကြောင်းတွေဟာ ချီလီနိုင်ငံမှာ စိုးရိမ်စရာကောင်းတဲ့ ကိစ္စအနေနဲ့ ဖြစ်လာပြီးတဲ့နောက်မှာ ဒီဥပဒေဖြစ်မြောက်ရေးအတွက် လုပ်ဆောင်နေခဲ့ကြတာ နှစ်အတော်ကြာနေပါပြီ။ ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ သင်ယူလေ့လာရေး နဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာမှုတွေက စမတ်ဖုန်းကြောင့်ဆိုပြီး မြင်ကြပါတယ်။

Organization for Economic Cooperation and Development (OECD) အဖွဲံရဲ့ သုတေသနတွေမှာလည်း ချီလီနိုင်ငံရဲ့ စုစုပေါင်းကျောင်းသားတွေရဲ့ တဝက်ကျော်ဟာလည်း ဒီဂျစ်တယ်ပစ္စည်းတွေကြောင့် စာလေ့လာတာကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

စမတ်ဖုန်းကို စာသင်ခန်းထဲ အသုံးမပြုဖို့ ဥပဒေထုတ်ပြီး တားမြစ်တဲ့ နိုင်ငံတွေထဲမှာ ပြင်သစ်၊ ဘရာဇီ, ဟန်ဂေရီ၊ နယ်သာလန်၊ တရုတ် နဲ့ အမေရိကန်နိုင်ငံတွင်းက ပြည်နယ်တချို့ ပါဝင်ပါတယ်။

Source

Related Posts