Hitachi Young Leaders Initiative သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် HYLI က အာရှနိုင်ငံ ၈ နိုင်ငံ ( ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်) မှ ကိုယ်စားလှယ်များသည် အစိုးရ၊ စီးပွားရေး၊ ပညာရေးနယ်ပယ်နှင့် အခြားနယ်ပယ်မှ ခေါင်းဆောင်များနှင့်အတူ ဆွေးနွေးမှုများတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းဖြစ်ပါသည်။
ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “FLOW AS ONE: What’s next for a sustainable future?” သည် ဒေသတွင်း အရေးကြီးဆုံး စိန်ခေါ်မှုများအတွက် ပေါင်းစည်းရန်၊ ဆန်းသစ်တီထွင်ရန်နှင့် ဖြေရှင်းချက်များ ဖန်တီးရန် တိုက်တွန်းချက်တစ်ခုဖြစ်ပြီး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များဖြစ်သည့် ၆ (သန့်ရှင်းသောရေနှင့် မိလ္လာစနစ်)၊ ၈ (ကောင်းမွန်သော အလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှု)၊ ၉ (စက်မှုလုပ်ငန်း၊ ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အဦ) နှင့် ၁၄ (ရေအောက်သတ္တဝါများ) တို့ကို လှုံ့ဆော်ထားခြင်း ဖြစ်ပါသည်။
ကိုယ်စားလှယ်များသည် ကျွမ်းကျင်သူများ ဦးဆောင်သည့် ဖိုရမ်များ၊ ပကတိအခြေအနေကို လေ့လာနိုင်မည့် ကွင်းဆင်းလေ့လာရေး ခရီးစဉ်များ၊ အပြန်အလှန်တုံ့ပြန်နိုင်သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှု ဖလှယ်မှုများတွင် ပါဝင်ရမည်ဖြစ်ပြီး၊ ထင်ရှားကျော်ကြားသော ခေါင်းဆောင်များပါဝင်သည့် အဖွဲ့ရှေ့တွင် ဆွေးနွေးတင်ပြခြင်းဖြင့် အဆုံးသတ်မည် ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံလျှင် ကိုယ်စားလှယ် ၄ ဦးသာ ရွေးချယ်ပြီး ကုန်ကျစရိတ်အားလုံးကို အပြည့်အဝ ပံ့ပိုးပေးထားသောကြောင့် HYLI ၂၀၂၆ သည် သင့်နိုင်ငံကို ကိုယ်စားပြုရန်၊ သင့်ခေါင်းဆောင်မှု ခရီးစဉ်ကို ချဲ့ထွင်ရန်နှင့် အာရှတစ်လွှားရှိ ပြောင်းလဲဖန်တီးသူများနှင့်ဆက်သွယ် ပူးပေါင်းရန်အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။
လျှောက်ထားလိုသူများသည် အောက်ပါအဆင့်များကို လုပ်ဆောင်ရပါမည် –
၁။ အပလီကေးရှင်းလင့် link
၂။ ကိုက်ညီမှုရှိမရှိစစ်ဆေးရန်
၃။ လိုအပ်ချက်များအတိုင်း ပြင်ဆင်ရန်
၄။ လျှောက်လွှာတင်ရန်
အသေးစိတ် သိလိုပါက Project Terms & Conditions တွင်ဖတ်ရှုနိုင်ပါသည်။
အပလီကေးရှင်းကာလမှာ September 15, 2025 မှ November 28, 2025 အထိဖြစ်သည်။
ဆန်ကာတင်ရွေးချယ်ခံရသူများကို ဇန်နဝါရီလလယ်ခန့်တွင် အကြောင်းကြားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဇန်နဝါရီလကုန်ခန့်တွင် အသိပေးကြေငြာပါမည်။
Official Link: https://hitachi.asia/hyli/2026/index.html





