Brackett Refugee Education Fund (BREF) က ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် Maesariang Industrial and Community Education College တွင် ပညာသင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့်မြင့်အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ပညာသင်ဆုအစီအစဉ်သစ်ကို ကြေညာခဲ့ပါသည်။
သင်ယူနိုင်သည့် ဘာသာရပ်များ
(က) လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် (Electrical Engineering)
(ခ) မော်တော်ယာဉ်အင်ဂျင်နီယာဘာသာရပ် (Automotive Engineering)
(ဂ) ဆောက်လုပ်ရေးအင်ဂျင်နီယာဘာသာရပ် (Construction Engineering)
(ဃ) သတင်းအချက်အလက်နည်းပညာ (Information Technology)
(င) စာရင်းကိုင်ဘာသာရပ် (Accounting)
ပညာသင်ဆုပမာဏ
ကျောင်းလခနှင့် ကျောင်းသုံးပစ္စည်းများအတွက်ထောက်ပံ့ကြေး
အရည်အချင်းသတ်မှတ်ချက်
- မြန်မာနိုင်ငံမှဖြစ်သူ သို့မဟုတ် မြန်မာမိသားစုနောက်ခံရှိသူများ (Students from Myanmar or those with a Myanmar family background)
- လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်သူများ (၁၀ နှစ်ကတ်ပြား၊ G-နံပါတ် သို့မဟုတ် O-နံပါတ် ကိုင်ဆောင်ထားသူ) (Currently living in Thailand – holding a 10-year card, G-number, or O-number)
- သင်ယူလိုစိတ်ပြင်းပြပြီး ၎င်းတို့၏ ရပ်ရွာအသိုက်အဝန်းအတွက် ပြန်လည်အကျိုးပြုလိုသူများ (Motivated to learn and contribute to their community)
- ပညာရေးနောက်ခံကောင်းမွန်သူများ
- Maesariang စက်မှုနှင့်ရပ်ရွာပညာရေးကောလိပ်ရှိ အဆင့်မြင့်အသက်မွေးဝမ်းကျောင်းပညာရပ်အဆင့် (Higher Vocational level) သို့ စာရင်းပေးသွင်းထားပြီးသူ သို့မဟုတ် တက်ရောက်ခွင့်ရရှိပြီးသူများ
လျှောက်လွှာပိတ်မည့်ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် (January 16, 2026)
လျှောက်ထားနည်း
လျှောက်ထားရန် ဤနေရာကို နှိပ်ပါ: https://forms.gle/W7Wn6PwFoxZtTMsn7
အသေးစိတ်သိရှိလိုပါက ဤအီးမေးလ်လိပ်စာသို့ ဆက်သွယ်နိုင်ပါသည်: brackettapplications@gmail.com
လေ့လာရန် Brackett Refugee Education Fund Facebook Page.









