ရန်ကုန်တက္ကသိုလ် ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် မူပိုင်ခွင့်ဥပဒေ ဒီပလိုမာသင်တန်း

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် မူပိုင်ခွင့်ဥပဒေ ဒီပလိုမာသင်တန်းတို့ကို ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ်မည်ဖြစ်သောကြောင့် အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီ ဖြစ််ပါသည်။

သင်တန်းဝင်ခွင့်ကို လာမည့် နိုဝင်ဘာ (၂၄) ရက်နေ့၊ နံနက် (၉) နာရီမှ စပြီး https://lawhrd.yude.edu.mm/ မှတဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားနိုင်သည်။

သင်တန်းသားဦးရေ ကန့်သတ်ထားသောကြောင့် သတ်မှတ်ဦးရေ ပြည့်ပါက ဝင်ခွင့်လျှောက်လွှာ ပိတ်မည်ဖြစ်သည်။ အွန်လိုင်းဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို ဝင်ခွင့်ရရှိကြောင်း အီးမေးလ်ဖြင့် အကြောင်းကြားပါမည်။

ဝင်ခွင့်ရရှိသူများသည် ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ရုံးဖွင့်ရက် ရုံးချိန်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ကျောင်းအပ်နှံ၍ User Name နှင့် Password ကို အီးမေးလ်မှတဆင့် ရရှိမည် ဖြစ်ပါသည်။

သင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ Blended Learning ဖြစ်၍ အွန်လိုင်းသင်ခန်းစာများဖြင့် သင်ကြားရမည်ဖြစ်ပြီး လိုအပ်သလို လူကိုယ်တိုင်လည်း တက်ရောက်ရမည်ဖြစ်ပါသည်။

ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Law – PGDL) သင်တန်း
မူပိုင်ခွင့်ဥပဒေ ဒီပလိုမာ (Diploma in Intellectual Property Law – DIPL) သင်တန်း

PGDL နှင့် DIPL သင်တန်းတို့အတွက် အွန်လိုင်းလျှောက်လွှာတွင် ဖြည့်စွက်ရမည့်အချက်များ

  1. Personal Information

Name – အမည်

DOB – မွေးနေ့

Gender – ကျား/မ

Nationality /Race – လူမျိုး/ဘာသာ

NRIC – မှတ်ပုံတင်နံပါတ်

Choose file တွင် – NRIC Front image + NRIC back image (၁) ပုံစီ တင်ရန်

Department – Department of Law

Course Type – PGDL (သို့) DIPL

Occupation – အလုပ်အကိုင်နှင့်ဌာန

Email – သင်တန်းကာလတွင် အသုံးပြုမည့် အီးမေးလ်လိပ်စာ

Phone – သင်တန်းသား၏ဖုန်းနံပါတ်

Address – လိပ်စာအပြည့်အစုံ

Choose picture – ပတ်စပို့ပုံကို upload လုပ်ရန်

  1. Parent Information

Father Name – အဖအမည်

Phone – ဖုန်းနံပါတ်

Father Occupation – အဖအလုပ်အကိုင်

Address – လိပ်စာ

  1. Academic qualification

Major – ဘွဲ့ရရှိသောဘာသာရပ်

Degree – ဘွဲ့အမည်

University – ဘွဲ့ရရှိသောတက္ကသိုလ်

Choose file တွင် ဘွဲ့လက်မှတ်ကို အရှေ့ (၁) ပုံ၊ အနောက် (၁) ပုံစီ တင်ရန်

* လျှောက်လွှာတွင် ဖြည့်ရမည့်အချက်များကို English လိုသာ ဖြည့်စွက်ရမည်။*

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဖုန်း ၀၉-၆၈၀၈၉၉၈၅၉၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅၁၆၄ တို့ကို ဆက်သွယ်၍ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန၊ သထုံလမ်းတွင် လူကိုယ်တိုင် သွားရောက်၍ဖြစ်စေ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်သည်။

Related Posts