,

ယူကေမှာ မဟာဘွဲ့ အခမဲ့တက်ရောက်နိုင်မယ့် Women in STEM ပညာသင်ဆု (၂၀၂၆-၂၀၂၇)

သိပ္ပံ (Science)၊ နည်းပညာ (Technology)၊ အင်ဂျင်နီယာ (Engineering) နဲ့ သင်္ချာ (Mathematics) စတဲ့ STEM နယ်ပယ်တွေမှာ ထူးချွန်တဲ့ အမျိုးသမီးတွေအတွက် ဗြိတိန်အစိုးရနဲ့ British Council တို့ ပူးပေါင်းပြီး ပေးအပ်တဲ့ ပညာသင်ဆု ဖြစ်ပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဒီ Scholarship ဟာ အပြီးအစီး ထောက်ပံ့ပေးတဲ့ ပညာသင်ဆုမျိုးဖြစ်ပါတယ်။

  • ကျောင်းလစာ (Tuition Fees) – တစ်နှစ်စာ မဟာဘွဲ့ကျောင်းလခ။
  • လစဉ်ထောက်ပံ့ကြေး (Monthly Stipend) – နေထိုင်စားသောက်စရိတ်အတွက် တစ်လလျှင် ပေါင် ၁,၇၀၀ ဝန်းကျင် (တက္ကသိုလ်အလိုက် ကွာခြားနိုင်သည်)။
  • ခရီးစရိတ် – မြန်မာနိုင်ငံမှ ယူကေသို့ အသွားအပြန် လေယာဉ်လက်မှတ်။
  • ဗီဇာနှင့် ကျန်းမာရေးအာမခံ – ဗီဇာကြေးနဲ့ NHS ကျန်းမာရေးအာမခံကြေး (IHS)။
  • အခြား – IELTS စာမေးပွဲကြေး ပြန်အမ်းခြင်းနှင့် ကျောင်းသုံးပစ္စည်းစရိတ်များ။

လိုအပ်တဲ့အချက်တွေကတော့ –
၁။ အမျိုးသမီး ဖြစ်ရပါမယ် (Cis-gendered, trans ဒါမှမဟုတ် non-binary လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်သူများလည်း ပါဝင်ပါတယ်)။
၂။ မြန်မာနိုင်ငံသား ဖြစ်ရပါမယ်၊ နိုင်ငံတွင်း အမြဲတမ်းနေထိုင်သူလည်း ဖြစ်ရပါမယ်။
၃။ သတ်မှတ်ထားတဲ့ STEM ဘာသာရပ်တစ်ခုခုနဲ့ ဘွဲ့ (Undergraduate degree) တခုခု ရရှိထားသူ ဖြစ်ရပါမယ်။
၄။ ယူကေမှာ ယခင်က ပညာသင်ကြားဖူးခြင်း (သို့မဟုတ်) နေထိုင်ဖူးခြင်း မရှိသူ ဖြစ်ရပါမယ်။
၅။ ကျောင်းပြီးပါက မိမိနိုင်ငံသို့ ပြန်လာပြီး အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမယ်။
၆။ ငွေကြေးထောက်ပံ့မှု အမှန်တကယ် လိုအပ်နေသူ ဖြစ်ရပါမယ်။

ဒီပညာသင်ဆုဟာ တက္ကသိုလ်တစ်ခုချင်းစီအလိုက် လျှောက်ထားရတာဖြစ်ပြီး ပိတ်ရက်တွေကလည်း မတူညီတတ်ပါဘူး။

လျှောက်လွှာပိတ်ရက် – အများစုမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ဝန်းကျင်တွင် ပိတ်လေ့ရှိပါတယ်။ (ကျောင်းအချို့မှာ မတ်လတွင် ပိတ်တတ်ပါတယ်)။


လျှောက်ထားနိုင်မည့် တက္ကသိုလ်များ

  • Cranfield University
  • University of Stirling
  • University of Bristol
  • Liverpool School of Tropical Medicine

အောက်ပါလင့်မှာ စကောလားရှစ်နဲ့ ပတ်သက်ပြီး အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
https://www.britishcouncil.org.mm/study-uk/women-in-STEM

Related Posts