ဘာသာစကားအသစ်တစ်ခုကို လေ့လာခြင်းဟာ ဦးနှောက်စွမ်းရည်ကို တက်ကြွစေရုံတင်မကဘဲ အခွင့်အလမ်းသစ်ပေါင်းများစွာကို ဖွင့်လှစ်ပေးနိုင်ပါတယ်။ ပိုမိုပြည့်စုံပြီး စနစ်တကျလေ့လာနိုင်ဖို့အတွက် အဆင့်လိုက် နည်းလမ်းကောင်းများနှင့် အသုံးဝင်မည့် Website link များကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သင်ယူမှု ပုံစံကို စနစ်တကျ ချမှတ်ခြင်း
ဘာသာစကားတစ်ခုကို စတင်တော့မယ်ဆိုရင် Input (လက်ခံခြင်း) နဲ့ Output (ပြန်လည်အသုံးချခြင်း) မျှတဖို့ လိုအပ်ပါတယ်။
အခြေခံ သဒ္ဒါနှင့် ဝေါဟာရ (Foundation) – ဘာသာစကားကို စလေ့လာတဲ့အခါမှာ အခြေခံဝါကျတည်ဆောက်ပုံ (Subject + Verb + Object) ကို နားလည်အောင် လေ့လာရပါမယ်။
နားထောင်ခြင်း (Listening) – မူလ ဘာသာစကားရဲ့ အသံထွက် (Accent) နဲ့ လေယူလေသိမ်းကို ရရှိဖို့ အဲ့ဒီဘာသာစကားကို မူရင်းပြောဆိုသူတွေရဲ့ သီချင်း၊ Podcast နဲ့ သတင်းတွေကို နေ့စဉ် နားထောင်ပေးပါ။
ပုံမှန်လေ့လာခြင်း (Consistency) -ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်။ တစ်ပတ်မှာ တစ်ရက်တည်း ၅ နာရီဆက်တိုက် လေ့လာတာထက်၊ တစ်နေ့ကို မိနစ် ၃၀ စီ နေ့တိုင်း လေ့လာတာက ဦးနှောက်ထဲမှာ ပိုပြီး စွဲမြဲနေစေပါတယ်။
၂။ အခမဲ့လေ့လာနိုင်သော အကောင်းဆုံး Website များနှင့် Apps များ
၂၁ ရာစုမှာ ဘာသာစကားလေ့လာတဲ့ အခါ အားသာချက်တစ်ခုကတော့ အလွယ်တကူ အွန်လိုင်းပေါ်မှာ လေ့လာနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလို နည်းပညာကို အသုံးပြုပြီး ထိထိရောက်ရောက် လေ့လာနိုင်ဖို့ ဝက်ဘ်ဆိုဒ် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
All-in-one လေ့လာရန်
Duolingo (https://www.duolingo.com) – ဂိမ်းကစားသလိုမျိုး အခြေခံမှစ၍ လေ့လာရန် အကောင်းဆုံး။
Vocabulary လေ့လာရန်
Memrise (https://www.memrise.com) – စကားလုံးအသစ်တွေကို မှတ်ဉာဏ်ထဲစွဲအောင် Flashcards များဖြင့် သင်ပေးခြင်း။
| Speaking လေ့လာရန် |
HelloTalk (https://www.hellotalk.com) – ကမ္ဘာတစ်ဝှမ်းရှိ Native Speaker များဖြင့် တိုက်ရိုက် စကားပြောလေ့ကျင့်နိုင်တဲ့ ဝက်ဘ်ဆိုဒ် ဖြစ်ပါတယ်။
| Grammar သဒ္ဒါလေ့လာရန် |
Busuu (https://www.busuu.com) – စနစ်တကျ သဒ္ဒါသင်ခန်းစာများကို လေ့လာနိုင်ပါတယ်။
Listening
LyricsTraining (https://lyricstraining.com) – သီချင်းနားထောင်ရင်း စာသားဖြည့်တဲ့နည်းဖြင့် ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်မယ့် ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။
၃။ အမှန်တကယ် တတ်မြောက်စေမည့် “ Immersion Method”
ဒီနည်းလမ်းကတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီဘာသာစကား နယ်ပယ်ထဲမှာ တစ်သားထဲ ဖြစ်နေအောင် လုပ်တာဖြစ်ပါတယ်။
၁။ သင့်အိမ်က ပစ္စည်းတွေ (ဥပမာ – ရေခဲသေတ္တာ၊ မှန်၊ တံခါး) ပေါ်မှာ သင်ယူနေတဲ့ ဘာသာစကားနဲ့ နာမည်ကပ်ထားကြည့်ပါ။ မြင်တွေ့ ရတဲ့ အကြိမ်များတဲ့ အခါ သီးသန့်အလွတ်ကျက်စရာ မလိုပဲ မှတ်မိလာပါတယ်။
၂။ ကိုယ့်စိတ်ထဲမှာ တစ်ယောက်တည်း စကားပြောတဲ့အခါ မြန်မာလိုမတွေးဘဲ သင်ယူနေတဲ့ ဘာသာစကားနဲ့ တွေးကြည့်ပါ။ ဥပမာ – “ ဗိုက်ဆာတယ်” လို့ တွေးမယ့်အစား “ I am hungry” (သို့မဟုတ်) “ J’ai faim” လို့ တွေးပါ။
၃။ ဗီဒီယိုတစ်ခုကို ကြည့်တဲ့အခါ ပြောသူရဲ့ အသံနေအသံထားအတိုင်း လိုက်ပြီး ထပ်ခါတလဲလဲ ရွတ်ဆိုပါ။
၄။ လက်တွေ့ လေ့ကျင့်ခြင်း
Diary ရေးပါ – တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို အဲဒီဘာသာစကားနဲ့ ၃ ကြောင်းကနေ ၅ ကြောင်းအထိ နေ့တိုင်း ရေးကြည့်ပါ။
YouTube ကို အသုံးချပါ – `[Language Name] for beginners` (ဥပမာ- `Korean for beginners`) လို့ ရိုက်ရှာပြီး အရည်အသွေးကောင်းတဲ့ Channel တွေကို Subscribe လုပ်ထားပါ။
အမှားကို လက်ခံပါ – စကားပြောတဲ့အခါ မှားမှာကို မကြောက်ပါနဲ့။ ကလေးတစ်ယောက် စကားသင်သလိုမျိုး အမှားများများလုပ်လေ ပိုတတ်လေဖြစ်ပါတယ်။ အထူးသဖြင့် စတင်လေ့လာတဲ့အခါ အမှားတွေ ပိုများတတ်ပြီး ဒါက လူတိုင်းမှားတတ်ပါတယ်။
၅။ စာဖတ်ခြင်း
ဘာသာစကား သင်ယူတာဟာ ပြေးပွဲတစ်ခု မဟုတ်ဘဲ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ စိတ်မလောပါနဲ့။ ဘာသာစကား အသစ်တစ်ခုကို သင်ယူနေစဉ်မှာ စာများများဖတ်ဖို့လည်း လိုပါတယ်။ မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ (ဥပမာ- ချက်ပြုတ်နည်း၊ ဘောလုံးသတင်း) ကို အဲဒီဘာသာစကားနဲ့ ရှာဖွေဖတ်ရှုတာက ပိုပြီး မြန်မြန်တတ်မြောက်စေပါတယ်။





