Bill Gates ရဲ့ သမီးငယ် Phoebe Gates ရဲ့ အောင်မြင်လာတဲ့အပလီကေးရှင်း Phia

Bill Gates ရဲ့ အငယ်ဆုံး သမီး ဖြစ်တဲ့ Phoebe Gates က AI နည်းပညာအသုံးပြုထားတဲ့ ဈေးဝယ်အပလီကေရှင်း အတွက် ဒေါ်လာ ၃၀ မီလီယံ မတည်ငွေ ရရှိခဲ့ပါတယ်။

Phoebe Gates ဟာ စတန်းဖို့တက္ကသိုလ်က သူငယ်ချင်းဖြစ်သူ Sophia Kianni နဲ့ အတူ Phia လို့ခေါ်တဲ့ Startup အပလီကးရှင်း လုပ်ငန်းတစ်ခုကို ထူထောင်ခဲ့တာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

Phoebe Gates နဲ့ Sophia Kianni တို့ဟာ Generative AI အကြောင်းသင်ယူရတဲ့ကျောင်းသင်ခန်းစာကို စမ်းသပ်ရင်းကနေ ဒီအပလီကေးရှင်းဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အစပိုင်းမှာ Stanford social entrepreneurship program ရဲ့ မတည်မှုနဲ့ ဒေါ်လာ ၂ သိန်းခွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Bill Gates ကတော့ ဒီလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်မှု မရှိပေမယ့် လုပ်ငန်းကိုတော့ အားပေးခဲ့တယ်လို့ ဆိုပါတယ်။

Phia ဟာ ဈေးဝယ်သူတွေက သူတို့လိုချင်ဲတဲ့ ပစ္စည်းတွေကို အချိန်အများကြီးပေးပြီးရှာရတာမျိုး မဟုတ်ပဲ ကိုယ်လိုချင်တဲ့ ပစ္စည်းကို အချိန်တိုအတွင်းမှာ ဈေးမှန်မှန်ကန်ကန်နဲ့ ဝယ်နိုင်အောင် ကူညီပေးပါတယ်။ ဈေးဝယ်သူတွေဟာ အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုဒ်တွေမှာ ရှိနေတဲ့ ပစ္စည်းပေါင်း ၄၀၀၀၀ လောက်ထဲကမှ ကိုယ်လိုချင်တာကို ဈေးနှုန်း၊ ပရိုမိုးရှင်းစတာတွေကို ဒီအပလီကေးရှင်းပေါ်ကနေပဲ ကြည့်လို့ရမှာဖြစ်ပါတယ်။ ၈ လအတွင်းမှာ ဒီအပလီကေရှင်းကို ဒေါင်းလုဒ်ဆွဲတဲ့အကြိမ်ရေ ၇ သိန်းခွဲ အထိရှိတဲ့ အတွက်ကြောင့် အတော်အောင်မြင်တယ်လို့ ဆိုရမှာပါ။

Phia ရဲ့တန်ဖိုးဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက ဒေါ်လာ ၈ မီလီယံပဲ ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ ၁၈၀ မီလီယံအထိရောက်လာခဲ့တာ ဖြစ်ပါတယ်။

Related Posts