ကမ္ဘာကျော် National Geographic နဲ့ The Nature Conservancy အဖွဲ့အစည်းတို့ကနေ ပူးပေါင်းလုပ်ဆောင်တဲ့ Remote Externship အစီအစဉ်သစ်ကို ထပ်မံခေါ်ယူနေပါပြီ! ✨✨
ဒီအစီအစဉ်ရဲ့ main topic ကတော့ Freshwater and Community Conservation (ရေချိုသယံဇာတ) ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။ ဘာလို့လဲဆိုတော့ –
🏡REMOTE WORKING – အိမ်ကနေပဲ online ကတစ်ဆင့် လုပ်ဆောင်ရမှာဖြစ်လို့ ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်းနဲ့ပါ တက်ရောက်နိုင်ပါတယ်။
💰$500 USD STIPEND – အစီအစဉ်ပြီးဆုံးတာနဲ့ အမေရိကန်ဒေါ်လာ 500 ရရှိမှာဖြစ်ပါတယ်။
🎓GLOBAL CERTIFICATION – National Geographic နဲ့ The Nature Conservancy ရဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ်ရမှာဖြစ်လို့ Scholarship တွေလျှောက်တဲ့အခါ အလွန်အသုံးဝင်ပါတယ်။
👨🏫EXPERT MENTORS – သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကမ္ဘာ့အဆင့်မီပညာရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရမှာဖြစ်တဲ့အတွက် ပညာသင်ယူဖို့ အခွန့်ကောင်းလေးတစ်ခုပါ။
📌 လျှောက်ထားဖို့ သိထားသင့်တဲ့ အချက်အလက်များ
အသက် – 18 နှစ်မှ 25 နှစ်အတွင်း
ကြာမြင့်ချိန် – 8 ပတ် (တစ်ပတ်ကို 10 နာရီခန့် အချိန်ပေးဖို့ လိုပါတယ်။)
Deadline – January 25, 2026
Program စရက် – February 9, 2026
Additional Requirement – ဒီအစီအစဉ်က international program ဖြစ်တဲ့အတွက် အခြေခံ အင်္ဂလိပ်စာ နားလည်တဲ့သူဖြစ်ရပါမယ်။
လျှောက်ထားရန်🔗👉 https://apply.extern.com/494
အသေးစိတ်ဖတ်ရှုရန် 🔗👉 https://www.nationalgeographic.org/society/externships/





