,

Mahidol University Scholarships for Myanmar Nationals

ဒီပညာသင်ဆုဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားဒေသတွေအပါအဝင် နေရာဒေသမရွေး ကျန်းမာရေးကဏ္ဍ တန်းတူညီမျှမှုအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးနိုင်မယ့် ပရိုဂရမ်ဖြစ်ပါတယ်။

လျှောက်ထားနိုင်သော ဒီဂရီများ

Master of Public Health (MPH),
Master of Primary Health Care Development (MPHM)
Master of Arts in Population and Sexual and Reproductive Health

ပညာသင်ဆု ခံစားခွင့်များ (Scholarship Coverage)

ဤပညာသင်ဆုသည် သင်တန်းကြေး၊ နေထိုင်စရိတ်၊ ထိုင်းနိုင်ငံတွင် နေထိုင်စဉ်အတွင်း လစဉ်ထောက်ပံ့ကြေးနှင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ် (Economy Class) တစ်စောင်တို့ ပါဝင်သည့် အပြည့်အဝထောက်ပံ့ပေးသော (Fully Funded) ပညာသင်ဆု ဖြစ်ပါသည်။

ခရီးစရိတ် (Travel Expense)

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လေယာဉ်စရိတ်ကို အများဆုံး ထိုင်းဘတ်ငွေ ၉,၀၀၀ (9,000 THB) အထိ။

နေထိုင်စရိတ် လစဉ်ထောက်ပံ့ကြေး (Living Allowance)

ပညာသင်ဆုရရှိသူသည် ကျောင်းဝင်းအတွင်း လူကိုယ်တိုင်တက်ရောက်ရသော အတန်းများ (On-campus classes) စတင်ချိန်မှစ၍ အထက်ဖော်ပြပါ ပညာသင်ဆုသက်တမ်း ကုန်ဆုံးချိန်အထိသော်လည်းကောင်း၊ (သို့မဟုတ်) ဘွဲ့လွန်ကျမ်း (Thesis) ကို နောက်ဆုံးအဆင့် ဖြေဆိုပြီးစီးချိန်အထိသော်လည်းကောင်း တစ်လလျှင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ (20,000 THB) ထောက်ပံ့ပေးပါမည်။

ပေးအပ်မည့် ပညာသင်ဆု အရေအတွက်

ပညာသင်နှစ်တစ်နှစ်လျှင် ၅ ဦးခန့်။

လိုအပ်ချက်များ

၁။ အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ဒီဂရီရရှိထားသူဖြစ်ရမည်။ (ဆေးပညာ၊ တိရိစ္ဆာန်ဆေးကုသရေး၊ သွားဘက်ဆိုင်ရာဆေးပညာ နှင့် အခြားကျန်းမာရေးနှီးနွယ်သိပ္ပံ ဘာသာရပ်များ ဖြစ်ရမည်။)
၂။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် (သို့မဟုတ်) လူမှုရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသူဖြစ်ရမည်။ အထူးသဖြင့် အခွင့်အရေးနည်းပါးသော ဒေသများတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။ (သို့မဟုတ်) ဘွဲ့ရရှိပြီးစ လုပ်ငန်းအတွေ့အကြုံနည်းသော်လည်း ပညာရေးထူးချွန်ပြီး အလားအလာရှိသော ကျန်းမာရေးဝန်ထမ်းလူငယ် ဖြစ်ရမည်။
၃။ အနည်းဆုံး IELTS 5.0, TOEFL-IBT 64, MU GRAD Plus 70 (သို့မဟုတ်) MU ELT 84 ရရှိထားသူဖြစ်ရမည်။ (လျှောက်ထားသည့်ရက်မှ ၂ နှစ်အတွင်း ဖြေဆိုထားခြင်းဖြစ်ရမည်။)
မှတ်ချက်- အင်္ဂလိပ်စာရလဒ် မတင်ပြနိုင်ပါက လူတွေ့စစ်ဆေးခြင်း (Interview) အဆင့်တွင် အင်္ဂလိပ်စာကျွမ်းကျင်မှုကို ပြသနိုင်ပါသည်။
၄။ Mahidol University ၏ ဘွဲ့လွန်သင်တန်း အထွေထွေဝင်ခွင့်သတ်မှတ်ချက်များနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် လိုအပ်ချက်များကို ပြည့်မီရမည်။

လျှောက်ထားသူ၏ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေးကတိကဝတ်နှင့် ထူးချွန်သော ပညာရေးမှတ်တမ်းတို့သည် ပညာသင်ဆုရွေးချယ်ရာတွင် အဓိကစံနှုန်းများဖြစ်ပြီး လျှောက်လွှာနှင့်အတူ ခိုင်လုံသောအထောက်အထားများ တင်ပြနိုင်ရမည်။

လျှောက်ထားစဉ် တင်ပြရမည့် စာရွက်စာတမ်းများ

အွန်လိုင်းလျှောက်လွှာကို အပြည့်အစုံဖြည့်စွက်ရန်။
ဘွဲ့လက်မှတ်မိတ္တူ (မူရင်းနှင့်အတူ အင်္ဂလိပ်ဘာသာပြန် ပူးတွဲတင်ပြရန်)။
အမှတ်စာရင်း (Transcript) မိတ္တူ (မူရင်းနှင့်အတူ အင်္ဂလိပ်ဘာသာပြန် ပူးတွဲတင်ပြရန်)။
ထောက်ခံစာ (Reference Letters) နှစ်စောင်။
ရည်ရွယ်ချက်ဖော်ပြစာ (Motivational Letter) – စကားလုံး ၁,၀၀၀ ထက်မပိုရ။ (ယင်းစာတွင် မိမိ၏ ပညာရေးရည်မှန်းချက်သာမက ဤပညာသင်ဆုသည် မိမိနှင့် မည်သို့ကိုက်ညီကြောင်းနှင့် ဘွဲ့ရရှိပြီးနောက် မိမိနိုင်ငံအတွက် မည်သို့အကျိုးပြုမည်ကို ဖော်ပြရမည်။)
ကိုယ်ရေးရာဇဝင် (CV)။
အင်္ဂလိပ်စာကျွမ်းကျင်မှု အမှတ်စာရင်း (ရှိလျှင်)။
လုပ်ငန်းအတွေ့အကြုံ၊ သင်တန်းဆင်းလက်မှတ်နှင့် ပညာရေးဆိုင်ရာ အောင်မြင်မှုများကို ပြသနိုင်သော အခြား ထောက်ခံချက် အထောက်အထားများ။

Related Posts