ဆရာ၊ ဆရာမတွေနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်သူတွေ အချိန်ပေးရတာလည်း တန်၊ လက်တွေ့လည်း သုံးလို့ရမယ့် အခမဲ့သင်တန်း ၅ ခုကို ဖော်ပြပေးထားပါတယ်။ ဒီသင်တန်းတွေက Free Audit (အခမဲ့တက်လို့ရတဲ့ပုံစံ) တွေဆိုတော့ ပိုက်ဆံပေးစရာမလိုဘဲ အကုန်လေ့လာလို့ရပါတယ်။ (လက်မှတ်လိုချင်မှပဲ ပိုက်ဆံပေးရမှာဖြစ်ပါတယ်)။
၁။ Embark on Your AI Journey (Microsoft Learn) Microsoft က ပေးတဲ့သင်တန်းဆိုတော့ တော်တော်လေး စုံပါတယ်။ ကျောင်းမှာ သုံးနေကျ Copilot တို့၊ Minecraft Education တို့ကို သုံးပြီး သင်ခန်းစာတွေကို ပိုစိတ်ဝင်စားဖို့ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လက်တွေ့ပြပေးပါတယ်။။ 👉 (https://learn.microsoft.com/en-us/training/modules/embark-ai-journey-free-ai-tools-microsoft-education/)
၂။ Generative AI for Educators (Vanderbilt University/ Coursera) AI ဆိုတာကို နာမည်ပဲ ကြားဖူးတာမျိုး မဟုတ်ဘဲ ChatGPT တို့ဘာတို့သုံးပြီး သင်ခန်းစာတွေ မြန်မြန်ဆန်ဆန် ပြင်ဆင်ချင်တယ်၊ ကျောင်းသားတွေကို Feedback ပေးတဲ့နေရာမှာ AI ကို အကူအညီယူချင်တယ်ဆိုရင် ဒီသင်တန်းက အတော်လေးကောင်းပါတယ်။ 👉 (https://www.coursera.org/specializations/generative-ai-for-educators-teachers)
၃။ AI in the Classroom Certification (Canva for Education) အချိန်အများကြီး မပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေအတွက် ၁ နာရီလောက်ပဲ တက်ရမယ့် သင်တန်းတိုလေးဖြစ်ပါတယ်။ Canva ရဲ့ AI Tools တွေ သုံးပြီး စာသင်ရတာ ပိုလှ၊ ပိုမိုက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမှာဖြစ်လို့ အရမ်းတန်ပါတယ်။ 👉 (https://www.canva.com/design-school/courses/ai-in-the-classroom)
၄။ Leaders of Learning (Harvard University) ဒါကတော့ နည်းပညာတင်မကဘဲ ပညာရေးစနစ်ကြီးတစ်ခုလုံး ဘယ်လိုပြောင်းလဲနေတာလဲ၊ ကိုယ်တိုင်ကရော ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို Harvard တက္ကသိုလ်ရဲ့ နည်းပြတွေဆီကနေ သင်ယူရမှာပါ။ 👉 (https://pll.harvard.edu/course/leaders-learning)
၅။ Uncommon Sense Teaching (Deep Teaching Solutions) ကလေးတွေရဲ့ ဦးနှောက်က ဘယ်လိုအလုပ်လုပ်တာလဲ၊ ဘာကြောင့် တချို့ကလေးတွေက မှတ်မိပြီး တချို့က မမှတ်မိတာလဲဆိုတဲ့ “ ဦးနှောက်နဲ့ဆိုင်တဲ့ သိပ္ပံ” ရှုထောင့်ကနေ သင်ပေးတာဖြစ်ပါတယ်။ ဒီသင်တန်းတက်ပြီးရင် စာသင်ရတာ အရင်ကထက် ပိုလွယ်သွားပါလိမ့်မယ်။ 👉 (https://www.coursera.org/learn/uncommon-sense-teaching)





