နှစ်တိုင်း ပေးအပ်လေ့ရှိတဲ့ Erasmus Mundus Scholarship တွေခေါ်ယူနေပါပြီ။ Erasmus Mundus ဟာ ဥရောပမှာ ရှိတဲ့ နိုင်ငံတွေမှာ စာသင်ကာလ တစ်ခုစီတိုင်း ရွှေ့ပြောင်းသင်ယူရမှာ ဖြစ်ပါတယ်။ European Union ကပေးတဲ့ scholarship ဖြစ်ပြီး ရွေးချယ်ခံရတဲ့ ကျောင်းသားတွေဟာ အပြည့်အဝ ပညာသင်ဆု၊ ကုန်ကျစရိတ် စတဲ့ အထောက်အပံ့တွေ ရရှိမှာ ဖြစ်ပါတယ်။
Erasmus Mundus Joint Master in Education Policies for Global Development (GLOBED) မှာတော့ ကျောင်းသား အယောက် ၂၀ အထိ စကောလားရှစ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ First Semester ကို ကို ရွေးချယ်တဲ့ Track အလိုက် မတူညီတဲ့ တက္ကသိုလ်တွေမှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ Autonomous University of Barcelona သို့မဟုတ်University of Cyprus, Second Semester ကို University of Glasgow နဲ့ Thငrd Semester ကို University of Bremen တို့မှာ သင်ယူရမှာ ဖြစ်ပါတယ်၊ နောက်ဆုံး Semester ကို Autonomous University of Barcelona မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

လျှောက်ထားရန် လိုအပ်ချက်များ
Educational Sciences သို့မဟုတ် အခြားသက်ဆိုင်သော ဘွဲ့တခုခု (Sociology, Social/Cultural Anthropology, Political Sciences, Human Geography and International Relations)
အနည်းဆုံး GPA 7/10 (or equivalent of C), or GPA of 2.75/4
English proficiency
လိုအပ်သော စာရွက်စာတမ်းများအကြောင်းအသေးစိတ် ဖတ်ရန် – https://www.globed.eu/admission-selection/
လျှောက်ထားရန်လင့် https://www.globed.eu/how-to-apply/
နောက်ဆုံးလျှောက်ထားရန် – 12th of February 2026





