Call for Applications: YSEALI CyberSafe Asean

Young Southeast Asian Leaders Initiative (YSEALI) ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖြစ်တဲ့ “ CyberSafe ASEAN – Uniting Emerging Leaders to Outsmart Scammers” ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါသည်။

ဤအစီအစဉ်တွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံလုံးမှ လူငယ်ပညာရှင် (၆၀) ဦးကို စုစည်းပြီး တစ်ပတ်တာ ကြာမြင့်မည်ဖြစ်သော လက်တွေ့ကျကျ ပြဿနာဖြေရှင်းနည်းများ (applied problem-solving) ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အာဆီယံဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop) တွင် ပူးပေါင်းပါဝင်ခြင်းဖြင့် ရရှိလာသော အိုင်ဒီယာများကို လက်တွေ့ဘဝတွင် အကောင်အထည်ဖော်နိုင်ရန်အတွက် YSEALI မှတစ်ဆင့် ရန်ပုံငွေများ လျှောက်ထားနိုင်သော အခွင့်အလမ်းများလည်း ရှိပါသည်။

ထို့အပြင် 3-Phase Program ဟုခေါ်သော အစီအစဉ် လည်း ပါဝင်ပြီး အဆိုပါ အစီစအစဉ်သည် YSEALI ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အိုင်ဒီယာများကို လက်တွေ့ ကွင်းဆင်း စမ်းသပ်စီမံကိန်း (Pilot Projects) များအဖြစ် အကောင်အထည်ဖော်ရန် ရန်ပုံငွေ ရရှိရေးအတွက် ချိတ်ဆက်ပေးသော ပုံစံဖြစ်သည်။

နောက်ဆုံးလျှောက်ထားရမည့်ရက် – ၁၂ – ဒီဇင်ဘာ-၂၀၂၅

ရွေးချယ်ခံရသူများကို ကြေညာပေးမည့်ရက် – ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်း

အစီအစဉ်ကျင်းပမည့်ရက် – ၂၀၂၆ ဇန်နဝါရီ ၂၇-၃၀ အထိ

လိုအပ်သောအရည်အရည်အချင်းများ

ပါဝင်ရန် လျှောက်ထားသူများသည် အောက်ဖော်ပြပါ လိုအပ်ချက်များနှင့် ကိုက်ညီရပါမည်-

  • အသက်အရွယ်: လျှောက်လွှာတင်ချိန်တွင် အသက် ၂၇ နှစ်မှ ၃၅ နှစ်အတွင်း ရှိရမည်။
  • နိုင်ငံသားဖြစ်မှု: အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်ရမည်။
  • လုပ်ငန်းအတွေ့အကြုံ: သက်ဆိုင်ရာကဏ္ဍများတွင် အနည်းဆုံး နှစ်နှစ် (၂ နှစ်) ၏ ပညာရှင်ဆိုင်ရာ သို့မဟုတ် စေတနာ့ဝန်ထမ်း အတွေ့အကြုံ ရှိရမည်။ သက်ဆိုင်ရာ ကဏ္ဍများမှာ-
    • ဆိုင်ဘာလုံခြုံရေး (Cybersecurity)
    • စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များ (Regulatory affairs)
    • ဥပဒေစိုးမိုးရေး (Law enforcement)
    • နည်းပညာ (Tech)
    • ဘဏ္ဍာရေး (Finance)
    • ဆက်သွယ်ရေး (Communications)
    • ရပ်ရွာအကျိုးစီးပွား လှုပ်ရှားမှုနှင့် ပါဝင်ဆောင်ရွက်မှု (Community advocacy and engagement)
    • ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital literacy)
    • အွန်လိုင်း ဘေးကင်းရေး (Online safety)
    • အိုင်တီ (IT)
    • ဆိုင်ဘာရာဇ၀တ်မှု ကာကွယ်ရေးဆိုင်ရာ ပညာရေးနှင့် အစိုးရမူဝါဒ (Education, and public policy related to cybercrime prevention)
  • ပရိုဂရမ် အဆင့်ဆင့်တွင် ပါဝင်နိုင်မှု: အစီအစဉ်၏ အဆင့်အားလုံးတွင် အပြည့်အဝ ပါဝင်ရန် ကတိပြုနိုင်ရမည်။ ယင်းအဆင့်များမှာ-
    • ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တွင် ကျင်းပမည့် ဗီဒီယိုဖြင့် ချိတ်ဆက်သော အစည်းအဝေးများ (virtual sessions)
    • ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇-၃၀ ရက်နေ့ တွင် ဂျကာတာမြို့၌ ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ (in-person workshop)

အသေးစိတ် သိရှိလိုပါက https://yseali-cybersafeasean.org/

Related Posts