သင်ကြားရေးကဏ္ဍမှာ Generative AI ကို ဆရာတွေသာမက ကျောင်းသားတွေကပါ အသုံးချနိုင်ပါတယ်။
Google ရဲ့ product တွေ ဖြစ်တဲ့ NotebookLM နဲ့ Gemini ကို နေ့စဉ် သင်ကြားရေးကဏ္ဍမှာ အသုံးချနိုင်ဖို့ နည်းလမ်းတွေကို အခမဲ့ လေ့လာလို့ရမယ့် နေရာ တစ်ခု ညွှန်းပေးချင်ပါတယ်။
အဲ့ဒါကတော့ Grow with Google | Generative AI for educators with Gemini မှာ ဖြစ်ပါတယ်။

Self-paced အတန်းဖြစ်တဲ့အတွက်ကြောင့် သင်ယူသူတွေဟာ မိမိအားလပ်ချိန်မှာ သက်တောင့်သက်သာ လေ့လာနိုင်မှာပါ။
NotebookLM နဲ့ Gemini ကို သုံးပြီး အီးမေးလ်ရေးတာ ၊ သင်ယူမှု ပုံစံတွေနဲ့ ကိုက်ညီအောင် လမ်းညွှန်ချက်တွေကို ပြင်ဆင်တာ၊ သင်ခန်းစာတွေနဲ့ အတန်းတွင်းလုပ်ဆောင်မှုတွေကို နည်းလမ်းအသစ်တွေနဲ့ တီထွင်ဖန်တီးနိုင်ပါမယ်။
https://grow.google/ai-for-educators/ မှာ သွားကြည့်နိုင်ပါတယ်။




